"အန်တီ့ကိုသမီးချစ်တယ် "
"ဟင် ..."
"ဟုတ်တယ် ချစ်တယ် လို့ "
"......."
"တခုခုတော့ပြန်ပြောဦးလေ အန်တီရယ် "
"ဘာမှပြောစရာမရှိဘူး "
"အဲ့လိုပြတ်ပြတ်သားသားကြီးမလုပ်ပါနဲ့ အန်တီရယ် သမီးကိုစဉ်းစားပေးနိုင်မလား"
"အန်တီ့အပေါ် ခံစားချက်တွေကိုရပ်ပစ်လိုက်သမီး အန်တီမချစ်နိုင်ဘူး ပြီးတော့ မိန်းကလေးချင်း "
"မိန်းကလေးချင်းမချစ်ရဘူးလို့ ဘယ်သူများပြောထားခဲ့လဲ အန်တီရယ် တကယ်ဆိုရင် ယောကျာ်းနဲ့မိန်းမအချစ်ထက် ဖြူစင်သန့်ရှင်းပါတယ် "
"အို မကြားချင်ဘူး အခုထွက်သွား ငါ့မျက်စိရှေ့ကအခုထွက်သွား "
"မသွားဘူး အန်တီ ချစ်တယ်ပြော "
"မချစ်နိုင်ဘူး မချစ်နိုင် ... "
စကားဆုံးအောင်ပြောချိန်တောင်မရ သူ့နှုတ်ခမ်းပေါ်သို့ကျရောက်လာတဲ့နူးညံ့တဲ့အနမ်းတခု ဘာလို့ရုံးလို့မရတာလဲ ဘာလို့သူလုပ်သမျှခံနေရတာလဲ
"သွား သွား ..... "
"အမေ အမေ ... အိပ်မက်ဆိုးမက်လို့လား "
သမီးကြီးလာနှိုးလို့သာ ဒါအိပ်မက်ဆိုတာသူသိလိုက်သည် မူဆယ်ဆောင်းနဲ့ဆန့်ကျင့်စွာ တကိုယ်လုံး ချွေးတွေရွှဲနစ်လို့နေသည်
"ဟင် အဲ ဟုတ် ဟုတ်တယ် သမီး ဘာမှမဖြစ်ဘူး ပြန်အိပ်လိုက်နော် "
"ဟုတ် အမေ "
အိပ်မက်ထဲတောင်ရောက်လာတဲ့ကလေးမ ဒါကလည်း ချစ်စကားပြောဖို့အတွက်လား တညလုံးပြန်အိပ်လို့မရဘဲ အိပ်ယာထက်ဝယ် ဟိုဘက်လှိမ့် ဒီဘက်လှိမ့်ရင်းသာ ......
.........
" အန်တီ အဲ ဆရာမကြီး လာပြီလားရှင့် "
ဆေးရုံအဝင်ပေါက်လာနေဝင်လာတော့ သူ့ကိုမြင်ပြီးနှုတ်ဆက်လိုက်တဲ့ ရှိန်း ညကအိပ်မက်က မျက်လူံးထဲမှာပြေးလွှားလှုပ်ရှားနေတုန်း
"ဟုတ် ... အဲ လာပြီ သမီးရေ "
ခပ်တိုတိုသာပြောပြီး ခြေလှမ်းမြန်မြန်ဖြင့် သူ့ရုံးခန်းသို့သာဝင်သွားသည် ရှိန်းကတော့ ကြောင်တောင်တောင်ဖြစ်နေတုန်း ဘာလို့အဲ့လောက်တောင် ရှက်သလို ကြောက်သလိုဖြစ်နေလဲ စဉ်းစားလို့မရ