အပိုင်း ၃၄

2.3K 275 20
                                    

"သမီးကြီး သမီးကြီး ဖြေးဖြေးမောင်းပါကွယ်.... အန်တီ့ကိုလိုက်ပို့ပေး သမီး သမီးကြီးနောက်ကိုလိုက်မယ်.. "

မျက်ရည်များစွာကျဆင်းပြီး သမီးအတွက်စိတ်ပူနေသော အန်တီ့ကို ရှိန်းမကြည့်ရက်ပါ
နေခြည်နဲ့မေဦးကို အဆင်ပြေသလိုပြန်လာခဲ့ကြလို့ပြောပြီး အန်တီ့ကိုကားမမောင်းခိုင်းဘဲ ရှိန်းကားမောင်းမည်

***အမရယ် အမနဲ့မေမေ့ချစ်ခြင်းကိုမခွဲတော့ပါဘူး ပြီးတော့ ညမကမွေးစားသမီးတဲ့လား နန်းသူထက်ပိုတဲ့အချစ်တွေစေတနာတွေကိုပေးခဲ့တဲ့  မေမေမေတ္တာကိုစော်ကားခဲ့မိပြီ သမီးကို ခွင့်မလွှတ်ကြပါနဲ့ ညမက အမတို့ကြားကိုခဏတာရောက်လာခဲ့တဲ့ ဒုတိယလူ သက်သက်ပါ ****

ဘယ်‌လောက်မြန်မြန်မောင်းလိုက်သည် မသိ ရှိန်းလိုကားမောင်းမြန်သူပင် လိုက်မမှီနိုင်

အရှေ့မှာ လူစုစု စုစု ဖြစ်နေသည့်ကိုရှိန်းသတိထားမိသည် ဘုရား ဘုရား သူထင်သလိုမဖြစ်ပါစေနဲ့

"သမီး သမီး  အရှေ့မှာလူတွေအုံနေတယ် ဘာဖြစ်တာလဲ မသိဘူး ..... "

ကားပေါ်မှ လျင်မြန်စွာဆင်းပြီး လူအုပ်ကြားထဲအတင်းတိုးဝှေ့သွားသော အန်တီ  သူခံစားမိသလိုအန်တီလည်းခံစားမိသည်ထင်တယ်

"ဟင်....... "

ပါးစပ်အဟောင်းသားဖြစ်ပြီး မလှုပ်မယှက်ဖြစ်ပြီး အသံထွက်မငိုဘဲ မျက်ရည်များစွာကျဆင်းပြီး ‌မြေပြင်ပေါ်သို့ ခွေခွေလေးလဲကျသွားသည်

"အန်တီ... ဟာ......"

တောင်နံရံကိုတိုက်မိလျက် ကားရှေ့ပိုင်းတခုလုံးပျက်စီးနေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ နန်းမှုံ ခန္တာကိုယ်အောက်ပိုင်းက ကားထဲကထွက်ကျနေပြီး အသက်မရှိတော့တဲ့ နန်းမှုံ

"သမီးကြီးရယ်.. အမေဘယ်လိုဖြေရမလဲကွယ်."

"အန်တီရယ်သတိထားပါဦး.. "

"သမီးကြီးရေ မေမေ့ကိုထားခဲ့ပြီလား ငယ်ငယ်လေးနဲ့အတ္တတွေအရမ်းကြီးလိုက်တာသမီးကြီးရယ် သမီးကြီးအစားမေမေသာ‌ ဖြစ်လိုက်ပါတော့လား အီးးဟီးးး....."

ငယ်သူမို့ (completed)Where stories live. Discover now