သက်ြန်ပိတ်ရက်တွေပြီးတော့ အလုပ်တွေလည်းပြန်လုပ်ရပြီ
နေခြည်နဲ့မေဦးကို သူအရင်သွားနှင့်မယ်လို့ပြောပြီး ဆေးရုံအဝင်ပေါက်မှာ အန်တီ့ကို စောင့်နေသည်
ဟော အန်တီ့ ကား လာပြီ...
"ဟိတ် ဘယ်သူ့ကိုစောင့်နေတာလဲ "
ကားဘေးတံခါးမှန်ကိုချလိုက်ရင်း နေကာမျက်မှန်လေးချွတ်လျက်ပြောလိုက်သည်
"နတ်သမီးလေးကိုစောင့်နေတာ မတွေ့ရတာကြာလို့လားမသိဘူး ချစ်ဖို့ကောင်းလာလိုက်တာ အာဘွား "
အန်တီ့ရဲ့ပါးပြင်နုနုနများကိုရုတ်တရက် နမ်းလိုက်သည် သူလွမ်းနေခဲ့တဲ့ အန်တီ့ကိုယ်သင်းနံ့လေး
"ဆေးရုံဝင်းထဲမှာကိုကွယ် လူဆိုး လာ ကားပေါ်တတ် "
"အရှေ့ဆိုရင်ဖြင့်ရောက်နေပြီကို ..."
"အဲ့တာဆိုမတတ်ဘူးပေ့ါ... သွားပြီ "
ကားစက်ပြန်နှိုးလိုက်ပြီးကားထွက်တော့မယ်အလုပ်
"ဟာ နေဦး နေဦးလေ အန်တီရဲ့ ကျီစားတာကို စိတ်ဆိုးသလား "
"မကျီစားနဲ့ ဟွန်း ဒီနေ့မှစတွေ့တာစိတ်မဆိုးချင်ဘူးနော် "
"ဟုတ်ပါပြီ ကျွန်တော်မျိုးမအမှားကြီးမှားပါတယ် နောက်မလုပ်တော့ပါဘူး "
နားရွက်ကိုလက်နှစ်ဖက်ဖြင့်ကိုင်ရင်း မျက်နှာငယ်လေးနဲ့ပြောနေတဲ့ သမီး အန်တီ့မျက်လုံးထဲတော့ ချစ်ဖို့အကောင်းဆုံးလူသားလေး..
.........
"နောင့်ရေ .. ဟိုကလေးမလေ သူငယ်ချင်းသုံးယောက်ထဲက ဖြူဖြူလုံးလုံးလေး"
(နောင့်=ညီမလေး)အဲ့လိုပြောလိုက်ရုံနဲ့ အန်တီ့သမီးလေးဆိုတာကိုတန်းသိလိုက်ပါသည်
"ရှိန်းရည်မွန်သက် လား ပီ "
(ပီ=အမ)နေ့ခင်းထမင်းစားပြီးတော့ အခန်းထဲမှာ စီနီယာဆရာဝန်နဲ့စကားလက်ဆုံကြပြီး ရုတ်တရက်ထမေးလိုက်တော့ နည်းနည်းတော့လန့်သွားသည်
"ဟုတ်ပ သက်ြန်တုန်းကသူ့ကိုတွေ့လိုက်တယ် ပီတို့ ဘုန်းကြီးကျောင်းကနေ့ဆွမ်းကပ်ပြီးအပြန်လေ "