အပိုင်း ၁၇

2.5K 289 5
                                    

"ဟဲ့ ငါတို့ အချိန်ရသေးတယ် မနက်စာ ရှမ်းခေါက်ဆွဲသွားစားရအောင် "

"ငါလည်းထောက်ခံတယ် တို့ဖူးနွေးစားမယ် တို့ဖူးနွေး "

"ငါသွားမယ်လို့ပြောမိလား " ရှိန်းမှ

"လျှာမရှည်နဲ့ နင်မသွားချင်လည်းလိုက်ရမှာပဲလေ ငါတို့ကခွဲလို့မရဘူး ဟဲဟဲ "

......

"အန်တီ သမီးတို့ကို ရှမ်းခေါက်ဆွဲတပွဲ တို့‌ဖူးနွေးတပွဲ ရှမ်းရည်ဖျော် တပွဲ ပြီးတော့ တို့ဖူးကြော်တပွဲ"

ရှမ်းခေါက်ဆွဲဆိုင်သို့ရောက်ရှိပြီဖြစ်သောကြောင့် မှာစရာရှ်ိတာများကို မေဦးတယောက် မှာနေသည်

"ဟဲ့ အခုတလော နင့်ဘဲနဲ့စကားမပြောတော့သလိုပဲ "

"ပြတ်ပြီလေ ပြတ်ပြီ "
ရေနွေးငှဲ့နေရင်း နေခြည် ပြောလိုက်သည်

"အပိုတွေ ၅မိနစ်ပြန်တည့်တဲ့အတွဲ ဒါမျိုးတွေရိုးနေပြီ " မေဦးမှ

"အတည်ပြောတာ အဲ့အ‌ကောင်ကအခြောက်ကြီး သူနဲ့အလုပ်အတူတူလုပ်နေတဲ့ အကိုကြီးနဲ့သတင်းတွေကြားတယ် ငါယုံရတဲ့သူဆီက "

"ဟယ် "

"ဘယ်လို "

"ဟုတ်တယ် အဲ့တာကြောင့် ဒင်းကငါ့ဆီစိတ်မရောက်တော့တာလေ ဖုန်းလည်းငါပဲအရင်ဆက်ရတယ် မိန်းကလေးဖြစ်တဲ့ငါက စိတ်မဆိုးရဘူး သူကချည်းစိတ်ကောက်နေတာ အဲ့တော့ငါလည်းပြတ်ဖို့ပြောလိုက်တာ သတောင်းစားက ဆွဲတောင်မထားဘူး အေး နင့်သဘောပဲတဲ့ "

လာချပေးတဲ့ရှမ်းခေါက်ဆွဲတွေကိုနယ်နေရင်း စိတ်ထဲတကယ်မရှိတော့သလို ပြောနေတော့ ..

"မထင်မိဘူး မထင်မိဘူး တရားကျပါတယ် အဲ့တာကြောင့် ငါရည်းစားမထားတာ ပျော်ရတာကနည်းနည်း ပူဆွေးသောက‌ရောက်ရတာကများများ "

"ငါလည်းပြသနာမရှာပါဘူး အေးဆေးလမ်းခွဲပေးလိုက်တယ် တကယ်ဆို ငါလည်းသူ့မှမချစ်တာ ဒီတိုင်းအပျင်းပြေတွဲရုံပဲ "

"အားကျလိုက်တာ သူများတွေများ အပျင်းပြေတွဲဖို့ရှ်ိတယ် ငါတို့များ တယောက်တောင်မရှိဘူး နော် ရှိန်း "

ငယ်သူမို့ (completed)Where stories live. Discover now