အပိုင်း ၅

2.7K 293 4
                                    

"ဟဲ့ ဖုန်းလာနေတယ်လေ မကိုင်ကြဘူးလား ‌မေဦးနဲ့နေခြည် "

"ကိုင်မယ်ဟဲ့ နင်ကလည်းစိတ်ကြီးပဲ "

ရေချိုးခန်းကနေတောင် ဖုန်းသံကြားသည့် ရှိန်း နားမှာတော်ရုံမဟုတ် အဲ့တာကြောင့်သူ့ကွယ်ရာဆိုပေမဲ့သူ့ အတင်းလည်းပြောလို့မရ

"ဟယ်လို "

"အေး သမီးတို့ အန်တီပါ ဒီနေ့နားလိုက်ဦးနော် မနက်ဖြန် ဆေးရုံလာခဲ့ကြ တာဝန်တွေခွဲပေးမယ် တဲ့ ဆေးရုံအုပ်က "

"ဟုတ်ဟုတ် လာခဲ့မယ်နော် ဆရာမကြီး"

....

"ဟဲ့ ဘာတဲ့လဲ ဘယ်သူဆက်တာလဲ "

"မနက်ဖြန်ဆေးရုံလာခဲ့တဲ့ နင့်အန်တီဟေ့ နင့်အန်တီ "

".. ...."

ပြန်ပြောသံမကြားတော့

"ဟဲ့ ဘာဖြစ်နေတာလဲ ရေချိူးခန်းထဲမှာမေ့နေတာလား အသံလေးဘာလေးပြန်ထူးဦးး "

"မဟုတ်ပါဘူး ညည်းတို့ကလည်း ငါနားထောင်နေပါတယ် ကြားလည်းကြားတယ်  "

နင့်အန်တီလို့ပြောလိုက်တော့ ရေချိုးခန်းထဲမှာ ပြုံးစိစိဖြစ်နေသောကြောင့် စကားပြန်မရသောရှိန်း ရဲ့ အဖြစ်ကို မသိလိုက်ကြ

....  

"ဟဲ့ ဒီနားမှာ ဈေးတခုရှိတယ်လို့ကြားတယ် ညနေကျသွားရအောင် "

"အေးသွားတာပေါ့ လမ်းသေချာမှတ်ထားဦးနော် ငါကကြောင်တောင်တောင်ရယ် " ရှိန်းမှ

"သိပါတယ် နင် ကြောင်တယ်ဆိုတာ အခုလည်းကြောင်ချင်နေတာမလား "

ခပ်စူးစူးမျက်စောင်းတခုက မေဦး အပေါ် ကျရောက်လာသည် သူပြောသည့်အဓိပ္ပာယ်ကိုသိနေတာပေါ့

"နင်တို့နော် ဆရာမကြီးရှေ့မှာအပြောအဆိုဆင်ခြင်ကြ ငါရှက်တယ် "

"ဟားဟား အေးပါဟယ် နင်ကပဲရှက်ရတယ်လို့ ဟားဟား "

"ဟုတ်ပ ကြည့်လုပ်နော် ဟိုက သမီးနှစ်ယောက်နဲ့ အပျိုကြီး"

" သိပါတယ်  ငါသိပါတယ်ဆရာမကြီးတို့ရဲ့ သွားသွားရေသွားချိုးကြ "

.....

"" ညနေဈေး မူဆယ်မြို့ ""

ဈေးက အရမ်းမကြီးပေမဲ့ ဆိုင်ခန်းတော်တော်များများစုံလှသည် ဟင်းသီးဟင်းရွက်ရောင်းတဲ့အတန်းကသပ်သပ် ကုန်ခြောက်ကသပ်သပ် အထည်ဆိုင်ဖိနပ်ဆိုင်ကသပ်သပ်နဲ့ လည်ချင်စရာကောင်းတဲ့ဈေးတခုပင် ရှိန်းတို့လိုအခုမှစရောက်လာသူအဖို့တောင် နေရာကစိမ်းမနေဘဲ ပျော်စရာကောင်းလှသည် ဆေးရောင်စုံခြယ်ထားသည့်‌လှပတဲ့ပန်းချီကားတချပ်လို ဖြစ်နေတဲ့မြင်ကွင်းကိုဖျက်စီးလိုက်တာက ..

ငယ်သူမို့ (completed)Where stories live. Discover now