တနေကုန်ဆေးရုံမှာပင်ပန်းထားတော့ အဆောင်ပြန်ရောက်ရောက်ချင်း သုံးယောက်သား ကုတင်ပေါ်သို့သာ ပစ်လှဲချပလိုက်သည်
"ဟူးး အဲ့လောက်ပင်ပန်းတာလား " နေခြည်မှ
"ဒါအစပဲရှိသေးတယ် တဲ့ နောက်ပိုင်းပိုဆိုးမယ် ကောင်မရေ " မေဦးမှ
"အမလေး ဒီအလုပ်ရွေးမိတာမှားပြီလားမသိပါဘူးအေ ဆရာဝန်ချောချော လူနာချောချောလေးတွေနဲ့တွေ့ချင်လို့သာဒီအလုပ်ကိုရွေးလိုက်တာ အဟိ "
"နင်တို့ကလည်း ကိုယ့်အလုပ်ကိုတန်ဖိုးထားကြပါဟဲ့ ဘယ်လောက်မြင့်မြတ်တဲ့အလုပ်လဲ ကိုယ့်ကြောင့် သူတပါး ကျန်းမာရတယ် ပျော်ရွှင်ရတယ်ဆိုတာနဲ့တင် ငါတော့ ပင်ပန်းတာတွေပျောက်တယ် "
ကုတင်ပေါ်မှာလှဲရင်း မေဦးနဲ့နေခြည်ဘက်သို့ လှည့်ရင်း ပြောလိုက်သည် ရှိန်းက ဘေးအစွန်ဆုံးပြတင်းေပါက်နားကကုတင်မှာအိပ်သည် အလယ်မှာမအိပ်တတ် ဟိုဘက်တောင့်မှာလည်းမအိပ်တတ်
"ဘယ်ပင်ပန်းမလဲ နင့်မှာအားဆေးရှ်ိတာကို "
" အားဆေး အော် အန်တီလား ငါကရိုးရိုးသားသားပါ အရောင်မဆိုးချင်ဘူး ချစ်တာသေချာရင်တောင် ဖွင့်မပြောဘူး မှတ်ထား "
"အေးပါ ရှ်ိန်းရယ် ဘာပဲပြောပြော နင့်မှာ တွေးစရာဆွေးစရာ ချစ်စရာလေးရှိသေးတယ်လေ ဟိုကောင်မမှာလည်းရှိတယ် ဟင် တွေးကြည့်လိုက်တော့ ငါတယောက်ထဲ တောင်ရောက်မြောက်ရောက်လား "
"အေးပေါ့ဟဲ့ နင်ကအစားပဲမက်နေတာကို ရည်းစားထားရင်တောင်တဝက်ကျွေးရမှာစိုးလို့မထားဘူးဆို အခုမှလိုချင်နေတာလား "
ကုတင်ပေါ်မှထပြီး ရေချိုးရန်ပြင်နေသော နေခြည်ကလှမ်းပြောလိုက်သည်
"လိုချင်သလိုလိုမလိုချင်သလိုလိုပါပဲ အစားနဲ့ပတ်သက်ရင်တော့မလိုချင်ဘူး တယောက်ထဲအထီးကျန်ချိန်တော့ တီတီတာတာပြောရမဲ့သူလေးလိုချင်တာပေါ့ ဟိ "
"ထားမနေပါနဲ့ တော်ကြာ မုန့်ခွဲမကျွေးနိုင်လို့ လမ်းခွဲလိုက်ရတယ်ဆိုပြီး နာမည်ကြီးနေဦးမယ် "
ပြောရင်း ရေချိူးခန်းထဲပြေးဝင်သွားသည့်နေခြည် မဟုတ်ရင်သူအလုပ်ခံရမည်လေ ဟိုက ကုတင်ပေါ်ကဆင်းဖို့ခြေလှမ်းပြင်တုန်း...
"အေးအေး နင်သက်သာတယ်မှတ်ပါ မိနေခြည် ထွက်လာမှသေဖို့သာပြင်ထား "
နှစ်ကောင်ကိုက်နေသည်ကိုကြည့်ရင်း အူတတ်နေသော ရှိန်း
ရှိန်းကပွင့်ပွင့်လင်းလင်းသမားပင် ဟန်ဆောင်လည်းမရယ်တတ်သလိုဟန်ဆောင်လည်းမချစ်တတ် ကြည့်မရတဲ့သူတွေဆိုလမ်းေတွ့ရင်နှုတ်ဆက်ဖို့မပြောနဲ့ပြုံးတောင်မပြ သူတကယ်ခင်ရင်တော့ ရှိသမျှစည်းစိမ်အကုန်ပုံပေးမဲ့ပုံ...
"ရှိန်း..."
ရေချိုးခန်းတံခါးအပြင်ကနေ နေခြည်ထွက်လာမည်ကိုစောင့်နေသောမေဦး
"ဟေ ပြောလေ "
"ငါလေ ပြောစရာရှိလို့ "
"ပြောလေဟဲ့ အရေးကြီးလို့လား ကြောက်တောင်လာပြီ "
"အေး ငါပြောမယ် ငါပြောမှာကလေ ခုညနေစာဘာစားကြမလဲဟင် "
မေဦးပြောမဲ့အေရးကြီးတဲ့စကားကို နားထောင်ဖို့ ခေါက်နေသည့်အကျီတွေကိုတောင်ပစ်ချပြီးနားထောင်နေတဲ့ ရှိန်း ရုတ်တရက်ပြောလိုက်သောမေဦးစကားကြောင့်
"မေဦး နင်ကလေ နေခြည်ပြောလည်းပြောချင်စရာ အလကားနေဒီအစားပဲစဉ်းစားနေတာ "
"ဟဲဟဲ နင်စိတ်ညစ်နေတဲ့ပုံပေါ်နေလို့စလိုက်တာပါ ငါက ပြောပါဦး တခုခုစိတ်ညစ်နေသလိုပဲ"
"မညစ်ပါဘူး ဟယ် ဒီအတိုင်း "
"မညာပါနဲ့ကောင်မရယ် မျက်နှာမှာပေါ်နေတယ် "
"ဒီလိုပါ အန်တီကသူ့ယောကျာ်းနဲ့ဘာလို့ကွာရှင်းခဲ့လဲဆိုတာသိချင်တာ "
"အယ် နင်ကလည်း ပြီးပြီးသားကိစ္စတွေကိုဘာလို့စဉ်းစားနေတာလဲ သိလည်း နင်ဘာလုပ်လို့ရမှာလဲ ပြန်ပေါင်းပေးမလို့လား "
"အမလေး ဝေးသေးဝေးသေး သွားသွား နင်သွားတော့ ဘာမှအကူအညီမရဘူး သွား "
"အေးပါ ခုတော့နှင်ပြီပေါ့ ရပါတယ် သူငယ်ချင်းရယ် ရပါတယ် ငါ့ဘဝကိုနားလည်ပါတယ် ဟင့်ဟင့်"
"အော် အရေးထဲ မင်းသမီးရူးက သရုပ်ဆောင်နေသေးတယ် နင် nurse မလုပ်နဲ့ မင်းသမီးပဲလုပ်လိုက်တော့ "
"ဟီးဟီး ဝါသနာအရပါဟယ် ဝါသနာ အဲ
ဟဲ့ နင်ထွက်လာပြီလား လာခဲ့ လာ "ရေချိူးခန်းထဲမှ ခြေသံဖွဖွလေးနင်းပြီးထွက်လာသော နေခြည်
"ဟားဟား ဟားဟား ဖယ်ပါ ဟဲ့ ဖယ်ပါ ယားတယ်ဟဲ့ ဟားဟား"
နေခြည့်ကို ကုတင်ပေါ်ပစ်လှဲချရင်း ဂလိထိုးနေသော မေဦး ကတကယ့်ကလေးလိုပင်