အန်တီနဲ့ အဖေအမေနဲ့ကိုတွေ့ပေးလိုက်တော့ မထင်မှတ်ထားရလောက်အောင် အဆင်ပြေသည်
"အမေတို့နော် သမီးအရင်းက ဒီမှာပါ " လို့တောင် ပြောယူရသည် အထိကို အန်တီနဲ့က ပရံသင့်နေသည်
အရင်က အဖေနဲ့အမေကို သုံးလေးရက်အထိနေခိုင်းပြီး မြို့အနှံ့လျှောက်ပို့မည်ဟုစဉ်းစားထားသော် လည်း အလုပ်ကိစ္စရှိသောကြောင့် နေ့ချင်းပင်ပြန်သွားသည်
ကားဂိတ်ကို အန်တီက ကားမောင်းပို့ပြီး မူဆယ် လက်ဆောင်ပစ္စည်းတွေလည်းအများကြီးထည့်ပေးလိုက်သည်
ကားပေါ်မတတ်ခင်အထိ အန်တီ့လက်ကိုကိုင်ပြီးသမီးကိုစိတ်ချပါတယ် လက်ထဲကိုအပ်ပါတယ်လို့ အဆက်မပြတ်မှာသွားသေးသည့် အမေ
"အမေရေ စိတ်ချ အမေ့ချွေးမလေးက သမီးကိုအရမ်းချစ်တာ အဟိ "
"ကဲ ဒီကလေး လူကြီးတွေစကားပြောနေတာကို ထုလိုက်ရ..."
အမေကလက်ကလေးရွယ်လိုက်တော့ အန်တီ့နောက်ကိုချက်ချင်းပြေးဝင်သွားတဲ့ ရှိန်း
" အန်တီ သွားရအောင်လေ......"
ကားဝင်းအတွင်းမှ ကားကတရွေ့ရွေ့ထွက်သွားသည့်တိုင် ကြည့်နေသေးတဲ့အန်တီ့ကို လှမ်းပြောလိုက်သည်
"အဖေနဲ့အမေအဆင်ပြေရဲ့လားလို့ကြည့်ေနတာပါ"
"အမယ် ဟိဟိ အဖေနဲ့အမေ တဲ့ ဟိဟိ"
"ထုလိုက်ရ လာ သွားမယ် ဗိုက်ဆာနေပြီ မနက်ထဲက ပြန်ဖို့လုပ်ပေးနေတာ ဘာမှမစားရသေးဘူး"
ဗိုက်ကလေးကိုပွတ်ခါ မျက်နှာရှုံမဲ့မဲ့လေးနဲ့ပြောနေတဲ့ အန်တီ
"လာကွာ.. သွားမယ် အဆောင်ကို လိုက်ခဲ့ ဟင်းချက်ကျွေးမယ် အချိန်ရတယ်မလား"
"ရတာပေါ့ ဒီနေ့ ခွင့်တင်ထားတာပဲ "
........
"အယ် မသူဇာ ဆေးရုံမသွားဘူးလား "
ရှိန်းနဲ့အတူတူ အဆောင်ထဲဝင်လိုက်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ အန်တီသူဇာကိုတွေ့မိသည်
မီးဖိုချောင်ဘက်မှ ဟင်းချက်ယောင်းမကိုင်ကာအလောတကြီး ထွက်လာတဲ့ နေခြည်