ဒီရက်ပိုင်းအတွင်း အန်တီလည်းနေသိပ်မကောင်းတဲ့ပုံပေါ်တာရယ် ရှိန်းလည်းစိတ်ထဲအဆင်ပြေတာရယ်ကြောင့် နှစ်ယောက်လုံးသောကကိုယ်စီနဲ့ပင်ပန်းနေကြသည်
ဘေးကကြည့်နေတဲ့ရှိန်းရဲ့သူငယ်ချင်းနှစ်ယောက်လည်းစိတ်မချမ်းမသာ
"ရှိန်းရယ် နင်နဲ့အန်တီ့ကိုကြည့်ရတာ ငါတို့စိတ်ချမ်းမသာလိုက်တာ "
"ဟုတ်ပ အရင်ကပျော်ပျော်ရွှင်ရွှင် ဖြစ်နေတဲ့ လူနှစ်ယောက်က ချက်ချင်းကြီး မှိုင်တွေသွားတာ "
"အဆိုးပြီးရင်အကောင်းတွေလာမှာပါ အန်တီကလည်းငါ့ကိုယုံတယ် ငါကလည်းအန်တီ့ကိုယုံတယ် ပြီးပြီလေ "
"ကံကြမ္မာကိုတော့မယုံနဲ့ ရှိန်း ဖြစ်သွားရင် ကံတရားကညှာပေးမှာမဟုတ်ဘူးနော် "
နေခြည်ကရှိန်းဘေးနားဝင်ထိုင်ရင်း ပုခုံးဖက်ကာပြောလိုက်သည်
"ဟိုတယောက်ကလည်းတော်တော်ဆိူးပါလား မွေးစားသမီးဆိုပေမဲ့ သမီးအရင်းလို အဖေနေရာရောအမေနေရာရော မေတ္တာတွေပေးထားတဲ့ ကျေးဇူးကိုမှမထောက် "
"ဒါက သူ့အကြောင်းပါဟာ ထားလိုက်ပါ သူ့တရား သူစီရင်သွားလိမ့်မယ် ကဲအိပ်ကြတော့လေ "
နေခြည်နဲ့မေဦးကို အိပ်ဖို့ပြောရင်း သူကတော့
မအိပ်ချင်သေးတာကြောင့် အောက်ထပ်က ခြံဝင်းထဲလမ်းထွက်လျှောက်နေသည် အန်တီ့ကိုဖုန်းဆက်ရင်ကောင်းမလား ဒီအချိန်ဆိုအိပ်နေမလားတွေးနေရင်း အန်တီ့ဆီမှ ဖုန်းဝင်လာသည် .."ဟယ်လို အန်တီ..."
"သမီး မအိပ်သေးဘူးလား "
ဖုန်းဝင်တာနဲ့ချက်ချင်းကိုင်လိုက်သောကြောင့် အန်တီကအဲ့လိုမေးလိုက်ခြင်း...
"အိပ်မပျော်လို့ပါ အန်တီရဲ့ ခြံဝင်းထဲလမ်းလျှောက်ေနတာအန်တီရောမအိပ်သေးဘူးလား "
"မအိပ်နိုင်သေးဘူး သမီးကိုလွမ်းနေလို့ "
"အယ် ... အန်တီနော် ... အာဘွား "
"သမီး ခြံဝင်းထဲမှာဆိုတော့ လကိုမြင်ရလား ဒီနေ့လပြည့်ညလေ "
အန်တီပြောလိုက်တော့မှ မေ့ာကြည့်မိသည် ဟုတ်ပ ဝိုင်းစက်နေတဲ့လမင်းကြီး