နှစ်ရက်လောက်ကြာတော့ သူငယ်ချင်းဆေးခန်းကိုပြန်သွားပြီး ဆေးစစ်ချက် ကို ကြည့်ရမည် သမီးကိုဘာမှမပြောဖြစ်
"နန်း နင် အဆုတ်ကင်ဆာ အဆင့် ၃ တဲ့ "
"ဟင်....ဟုတ်ရဲ့ ဟုတ်ရဲ့လားဟယ် ..."
"ငါက ညာစရာလား ရော့ ဆေးစစ်ချက် နင်လည်းဖတ်တတ်တာပဲ "
ဆေးစစ်ချက်စာရွက်ကို လက်မှာဆုပ်ကိုင်ရင်း မျက်ရည်ပိုးပိုးပေါက်ပေါက်ကျဆင်းလာသည်
"နင် ခွဲစိတ်ရင်တောင်........ နန်းရယ် နင်စောစောလာပြသင့်တယ်ဟာ အရမ်းပေါ့လွန်းတယ် သူငယ်ချင်းရယ် "
"နင်ဒါကို ဘယ်သူမှပြန်မပြောပါနဲ့နော် ငါတောင်းဆိုပါတယ်..."
"အေးပါဟာ......"
.......သမီးကိုမပြောဘဲ တယောက်ထဲကျိတ်မှိတ်ခံစားတာ ၁လပြည့်တော့မယ် ဒီနေ့လည်း နန်းသူလေးကိုပါခေါ်ပြီး မြို့ထဲ မုန့်လိုက်ကျွေးဆိုလို့ ဂျီကျလို့ သူ့အိမ်လာခဲ့ဖို့သမီးကိုခေါ်ထားသည်
"အန်တီရေ အန်တီ....."
"သမီးရေ အန်တီ အိမ်ပေါ်ထပ်မှာ အခန်းထဲဝင်ထိုင်နေလေ.."
"ဟုတ်ကဲ့...."
အန်တီ့အခန်းထဲရောက်တော့ ရှင်းပေးသင့်သည်များကိုရှင်းပေးပြီး တံမြက်စည်းတောင်လှည်းပေးလိုက်သေးသည်
ဗီရိုအောက်ကို လှည်းလိုက်တော့ စာရွက် အခေါက်လေးထွက်လာသည် အန်တီ့ခုံပေါ်သို့တင်ပေးထားလိုက်ပြီး တံမြက်စည်းသာဆက်လှဲနေလိုက်သည်
အကုန်ပြီးစီးလို့ အန်တီ့ကုတင်ပေါ်ထိုင်နေရင်း တင်ထားခဲ့တဲ့စာရွက်ခေါက်လေးကို ဖြည် ဖတ်ကြည့်မိသည်
"ဟင်......"
ရှိန်းလည်း nurse တယောက်ပေမို့ ဆေးစစ်ချက်တွေကိုဖတ်တတ်သည် "" lung cancer level 3 ""
နာမည်ကိုကြည့်လိုက်တော့ အန်တီ့ နာမည်ပင်
နန်းခင်ထားမောင်"ခွမ်း...."
ရှိန်းနောက်ကိုလှည့်ကြည့်လိုက်တော့ လက်ထဲက ကော်ဖီခွက်ပြုတ်ကျသွားပြီး သူ့ကို ကြည့်နေတဲ့အန်တီ
"အန်တီ..."
"ခွင့်ပြုချက်မရှိဘဲနဲ့ ဘာလို့ သူများစာရွက်တွေဖတ်နေရတာလဲ "