အပိုင်း ၁၀

2.6K 282 4
                                    

"အန်တီ့အတွက် "  လို့ရေးထားတဲ့စာလေးနဲ့ သူ့စားပွဲပေါ်မှာ ဗူးလေးတဗူး ဘယ်သူများလဲ စာဆုံးအောင်ဖတ်လိုက်တော့ အသက် တဲ့

ကြည့်လိုက်တော့ ကြက်ဥပေါင်မုန့်ကြော်လေး ပုံမှန်ဆို ဆီကြော်တွေရှောင်သော်လည်း စေတနာနဲ့သူ့အတွက်လုပ်ပေးလာတဲ့ ပုံလေးဆိုတော့ စားကိုစားမှဖြစ်မယ်

.......

ဒီနေ့လူနာရှင်းသဖြင့် သူငယ်ချင်းသုံးယောက် ပေါက်ပေါက်ဖောက်ချိန်တွေအများကြီးရနေသည်

"ဟဲ့ မနက်ဖြန်ငါတို့နားရက် ဘယ်သွားကြမလဲ
မူဆယ်ရောက်ပြီးထဲက ဘယ်မှမသွားရသေးဘူး "

"ဘယ်သွားမှာလဲ နင်က လမ်းသိတာကျနေတာပဲ "

"မေးပြီးသွားရမှာပေါ့ ပါးစပ်ပါရင်ရွာရောက်တယ်လေ "

"ငါတော့မသွားရဲပါဘူးသူများမြို့မှာ လမ်းပျောက်နေရင်ဘယ်လိုလုပ်မလဲ အိမ်မပြန်နိုင်ဘဲ တောတွေတောင်တွေထဲရောက်သွားလူဆိုးတွေနဲ့တွေ့....."

"အမလေးတော်ပါတော့ စိတ်ကူးယဉ်သမားကြီးရယ် နင့်ဟာကလည်း အဆုံးစွန်ထိတွေးပလိုက်တာ ငါ့‌အမေလိုပဲ "

သူတို့နှစ်ယောက်စကားဝိုင်းထဲဝင်မပြောနိုင်သော ရှိန်း မနက်ကပေးခဲ့တာစားမှစားရဲ့လား စားလို့ရောကောင်းရဲ့လား မေးချင်ပေမဲ့ တနေ့လုံးမတွေ့ရသေး

"ဟဲ့ ငါ့ဘေးနားထိုင်နေတဲ့သူကို ကြည့်ဦး အသက်မှရှိသေးရဲ့လား" နေခြည်မှ

"လွမ်းနေ ဆွေးနေမှာပေါ့ ဘာမှန်းကိုမသိဘူး ကြောင်တောင်တောင်နဲ့ " မေဦးမှ

"နင်တို့ကလည်းငါ့ဆိုပြောလိုက်ကြတာဟယ် ဘယ်သွားမှာလဲ သွားကြ နင်တို့သွားတဲ့နောက်ငါလိုက်ရုံပဲ "

"သမီးတို့က ဘယ်သွားကြမလို့လဲ "

round လှည့်နေရင်း အသံဆူဆူကြားသဖြင့် ဟိုကလေးမ သုံး‌ယောက်ပဲဖြစ်မှာ လို့တွေးရင်း သူတို့ရှ်ိရာလျှောက်လာလိုက်သည် ကျောခိုင်းထားတော့ သူ့ကိုမမြင် ဟိုနှစ်ယောက်က ပေါက်ပေါက်ဖောက်နေသလောက် ဟိုတယောက်ကငြိမ်‌နေသည် အဲ့ကလေးမကထူးဆန်းတယ် သူပြောသလိုပဲ စိတ်ထဲကဖြစ်ရင်ရုပ်မှာသိသိသာသာပေါ်လှသည်

"အမလေး လန့်လိုက်တာ.." နေခြည်မှ

"အမယ် လန့်ရအောင် ကျွန်မကသရဲမို့လို့လား "

ပြောရင်း ရှိန်း ဘေးနားဝင်ထိုင်လိုက်သည် ရှိန်းကလည်း အန်တီထိုင်သဖြင့် ဟိုဘက်တိုးပေးလိုက်တော့

"ဘေးနားမှာထိုင်တာမကြိုက်လို့လား မကြိုက်ရင်မထိုင်ပါဘူးနော်"

ပြောရင်းထသွားမဲ့အန်တီ့လက်ကိုဆွဲကိုင်လိုက်သည်

"မဟုတ်ပါဘူး အန်တီ အဲ ဆရာမကြီး ကျပ်နေမှာစိုးလို့ပါ တမျိုးမထင်ပါနဲ့ "

တကယ်စိုးရိမ်သွားတဲ့မျက်နှာလေးနဲ့ပြောနေတော့ သနားမိသည်

"ဟုတ်ပါပြီ မပျော်တဲ့ပုံပေါက်နေလို့ နောက်လိုက်တာ မျက်နှာကချက်ချင်းကိုပျက်သွားတာပဲ "

"သူက အဲ့လိုပဲ ဆရာမကြီးရဲ့ တခုခုဆို ခံစားလွယ်တာ အရမ်းပဲ တွေးလိုက်ရင်လည်းအဆုံးထိ "

"အဲ့လိုကျတော့ စိတ်ပင်ပန်းတာပေါ့ သမီးရဲ့ နောက်ဆိုမတွေးပါနဲ့ ဖြစ်ချိန်တန်ရင်ဖြစ်လာမှာပဲ သမီးကြိုတွေးထားတော့ စိတ်ဆင်းရဲယုံပဲရှိတာပေါ့ "

"ဟုတ်ကဲ့ ဆင်ခြင်ပါ့မယ် "

"ဒါနဲ့ ခုနကပြောနေတာ မနက်ဖြန်လျောက်လည်မလို့လား "

"ဟုတ်တယ် ဆရာမကြီး မူဆယ်ရောက်ထဲကမလည်ရဘူးလေ အဲ့တာကြောင့် "

"အင်း အဲ့တာဆို လိုက်ပို့ပေးမယ်လေ မနက်ဖြန် အန်တီလည်း နားရက်ပဲ "

"အာ အားနာစရာကြီး ဘယ်အချိန်သွားမလဲဟင် "

မေဉီးကသိပ်မသွားချင်ရှာဘူး

"အယ် အားနာလို့သာပဲ ခိခိ "

ပန်းဆီရောင်နှုတ်ခမ်းလေးကိုလက်က‌ေလးနဲ့အုပ်ရယ်နေသော အန်တီ သိမ်မွေ့လှသည်

"မနက်ဖြန် ၈နာရီလောက် လာခေါ်မယ်နော် အဆောင်ကိုပဲ "

"ဖုန်းဆက်လိုက်နော်ဆရာမကြီး အဆောင်လမ်းထဲထိဝင်မလာပါနဲ့ သမီးတို့ လမ်းထိပ်ထွက်စောင့်ပါ့မယ် "

"ဟုတ်ပါပြီကွယ် အဲ့တာဆိုသွားပြီနော်"

" ကောင်းကောင်းစားခဲ့ရပါတယ်သမီး " ဒီစကားကိုတော့ ရှိန်း ကြားယုံမျှသာ နားနားကပ်ပြောသွားသည်

ငယ်သူမို့ (completed)Where stories live. Discover now