"နင်အရူးလား နင်လုပ်တာမဟုတ်ဘဲ ဘာလို့ဝန်ခံလိုက်ရတာလဲ "
ထမင်းစားချိန်မို့လို့ သုံးယောက်သားခေါင်မိုးထပ်မှာ ကော်ဖီခွက်ကိုယ်စီနဲ့ မေဦးက မကျေနပ်စွာ ဒေါသတကြီးပြောဆိုနေသည်
"မေဦးရယ်တော်ပါတော့ ငါလည်းအကြောင်းရှိလို့ပေါ့ "
"ဘာအကြောင်းလဲ အခန့်မသင့်ရင် အလုပ်ပြုတ်သွားနိုင်တယ် နင်နားလည်လား ပြီးတော့နင်မရှက်ဘူးလား နင်သဘောကျနေတဲ့သူကနင့်ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီးပြောဆိုနေတာ "
"ရှက်စရာလား အမှားလုပ်လို့ဆူတာလေ ငါကဘာလို့ရှက်ရမှာလဲ နားငြီးတယ်ဟယ် ပိတ်လိုက်တော့ "
"နင်တို့နှစ်ယောက် တော်ကြပါတော့ ပြသနာကပြီးနေပြီကို "
နေခြည်က သူတို့နှစ်ယောက်ကြားထဲဝင်ရင်း ပြောလိုက်သည်
"ငါကမခံနိုင်လို့ပါ ကိုယ်လုပ်တဲ့အပြစ်ကိုယ်ယူတာမဟုတ်ဘဲ တခြားသူရဲ့အပြစ်ကိုတမင်ယူပြီး ကိုယ့်သိက္ခာကိုချနေတာ နင်က "
"နင်အဲ့လောက်ဒေါသမကြီးနဲ့ ကဲ ငါရှင်းပြမယ်
တကယ်ဆိုငါဘယ်သူ့မှမပြောဘူးဆုံးဖြတ်ထားတာမရတော့ဘူး ထိုင်လိုက်ဦး"သုံးယောက်သားထိုင်ခုံမှာထိုင်လိုက်ကြရင်း ရှိန်းကအလယ်ကဝင်ထိုင်လိုက်သည်။
"ကဲ ပြောစမ်းပါဦး ဘယ်သူ့အစားနင်ကအပြစ်
ခံလိုက်ရတာလဲ ""သွန်းသွန်းလေ တကယ်ဆိုအဲ့ကိစ္စကငါတို့နှစ်ယောက်ကိုင်တာဆိုပေမဲ့ငါ့မတိုင်ပင်ဘဲ သူလုပ်တာ ဒါပေမဲ့ သူ့မှာမိဘနှစ်ပါးကိုလည်းလုပ်ကျွေးရသေးတယ် ယောကျာ်းကလည်းသေပြီ သားသမီးနှစ်ယောက်နဲ့ သူလုပ်တဲ့ဟာကလူနာသေသွားရင် သူ့အတွက်ခက်ခဲမှာလေ "
အကြောင်းစုံကိုသိသွားတော့လည်း နေခြည်နဲ့မေဦး မအံ့ဩပါ ရှိန်းကအဲ့လိုလူမျိုးဆိုတာ အရင်ထဲကသိတယ်မလား ဒါပေမဲ့ဆူတဲ့သူကအန်တီဖြစ်နေတာတော့ မခံချင်စရာဖြစ်ပြီး ဒေါသထွက်နေတာပေါ့ ...
" သူများကိုကူညီတာတော့ကောင်းပါတယ် ဒါပေမဲ့ ကိုယ့်ကိုထိခိုက်ခံပြီးတော့မကူညီနဲ့ သူငယ်ချင်းရယ် " နေခြည်မှ