အပိုင်း ၂၁

2.8K 255 33
                                    

သမီး အန်တီ့ကို သံယောဇဉ်ရှိနေတယ်ဆိုတာ "

"ရှင်..."

"မှန်သလား သမီး "

ရှိန်းဘာမှဆက်မပြောနိုင်တော့ အံ့ဩမှုပေါင်းစုံနဲ့ ‌အသံတောင်မထွက်နိုင်

"ဖြေဦးလေ မှန်လားလို့ "

"ဘယ်လိုသိလဲဟင် "

"အန်တီပြောသားပဲ ငယ်ရာကကြီးလာတာပါလို့ သမီးမျက်လုံး စကားပြောပုံ အန်တီ့ကိုဂရုစိုက်‌တတ်တဲ့အပြုအမူတွေကညာလို့မရပါဘူး ဒါပေမဲ့...."

"ဒါပေမဲ့ ဟုတ်လား အန်တီ... "

"ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ "

"နားလည်ပါတယ် အန်တီ သမီး ဒီအတိုင်းတိတ်တိတ်လေး ချစ်နေမှာပါ အန်တီ့ကိုအရှက်မရစေရဘူး စိတ်ချနော် သမီးချစ်တာ အန်တီသိရင်ရပါပြီ "

အန်တီ့လက်ကို ရုတ်တရက်ဆွဲကိုင်လိုက်ပေမဲ့ အန်တီ မရုံးပါ မျက်ဝန်းတွေကတောင်တန်းတွေကိုငေးကြည့်နေသည် အန်တီ့မျက်ဝန်းထဲကမျက်ရည်စအနဲငယ်ကိုလည်းတွေ့မိသည်

"အန်တီ စိတ်ဆိူးသွားလားဟင် "

ကိုင်ထားတဲ့လက်ကို ပြန်ဖယ်လိုက်တော့ အန်တီ့ကပြန်ဆုပ်ကိုင်ထားလိုက်သည်

"မဆိုးပါဘူးသမီးရယ် သမီးအချစ်နဲ့ အန်တီ ထပ်တူမကျနိုင်လောက်ဘူး "

"ကြိုးစားကြည့်ကြမယ်လေ အန်တီ "

လူကြီးလေးပမာ သူ့လက်ကိုပြန်ဆုပ်ကိုင်ထားတဲ့ သမီး

" အန်တီ့ဘက်မှာရင်ဆိုင်စရာတွေများတယ် "

"အတူတူပေါ့ အန်တီရယ် ဒါနဲ့ ချစ်တယ်လို့လည်းမပြောရသေးဘဲနဲ့ အနာဂတ်အကြောင်းတွေးပူနေတာလားဟင် "

"ဟင်..... သွားသွား ဘယ်သူကချစ်တယ်ပြောလို့လဲ "

"ဟား အန်တီရယ် မပြောရသေးဘူးလေ အဲ့တာကြောင့်ပြောလို့ "

"အချိန်ပေးဦးလေ "

"ပေးပါ့မယ် အန်တီရဲ့ .... တစက္ကန့် "

"ဟာ... "

မျက်‌စောင်းလေးတချက်ထိုးပြီ နောက်ဆုံးလက်ကျန်စတော်ဘယ်ရီသီးကိုပါးစပ်ထဲထည့်လိုက်သည်

ငယ်သူမို့ (completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ