စာစဉ် ၂၄ (၁၇-၃၀)
3.5K 333 24
စာစဉ် ၂၄၊ အခန်း ၁၇။  အကောင်းဆုံး ဒါမှမဟုတ် အဆိုးဆုံးအတွက် မင်းနဲ့အတူရှိနေခြင်း (7)
လျန်ဒေါ့ကူလည်း တော်တော်လေး ဒေါသထွက်နေလောက်ပြီမို့
ဂူယူရှန်း ကင်မရာဘက်ကိုလှည့်ကာ...
“ကျွန်တော်ပြောနိုင်တာအားလုံး ပြောပြီးသွားပြီမို့လို့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ရအောင်ပါ ကျွန်တော် ချစ်တဲ့မိန်းကလေးကိုလည်း အမြဲကာကွယ်သွားမှာပါလို့ ပြီးတော့ သူ့ကို ကျွန်တော်ပြောချင်တဲ့စကားလေးလည်း ရှိပါသေးတယ်”
ချင်းကျီအိုက်ကို ဂူယူရှန်းကိုယ်တိုင်လည်း လူသိရှင်ကြားတောင်းပန်ချင်ပြီး လျန်ဒေါ့ကူကိုလည်း တောင်းပန်စေချင်တာမို့ ဂူယူရှန်းကင်မရာကိုကြည့်လိုက်ကာ ....
“တောင်းပန်ပါတယ်”
ဂူယူရှန်းတောင်းပန်လိုက်တာမို့ လျန်ဒေါ့ကူလည်း တောင်းပန်ရမည်မှာ အသေအချာပင်ဖြစ်တာကြောင့် လျန်ဒေါ့ကူ စိတ်ကိုထိန်းရင်း ချင်းကျီအိုက်ကိုတောင်းပန်ဖို့ တွေးလိုက်ပေမဲ့ ဒေါသကြောင့်အသံတို့ကတုန်နေခဲ့ပါ၏ ။
“ကျွန်မလည်း အစ်ကိုယူရှန်းချစ်ရတဲ့မိန်းကလေးကို တောင်းပန်ချင်ပါတယ် ပြဿနာတွေဖြစ်စေခဲ့လို့ တောင်းပန်ပါတယ်”
ဂူယူရှန်းအဖိုးကို အိမ်ပြန်ပို့ပေးပြီးနောက် ရုံးပြန်သွားရမည်ဟုဆိုကာ ချက်ချင်းပဲပြန်ထွက်လာခဲ့ပြီး ချင်းကျီအိုက်ဆီ ဖုန်း ဆက်လိုက်တော့သည် ။
“ရှောင်အိုက် ကိုယ်ပါ”
“ဟုတ်...သိပါတယ်”
“အင်း..ရှောင်အိုက် ကိုယ်ဖြေရှင်းပြီးပြီ”
“တွေ့လိုက်ပါတယ်”
ဖုန်းထဲက ထွက်လာတဲ့ချင်းကျီအိုက် ရဲ့အသံချိုချို နောက်မှာ
သူမ ပြုံးနေလိမ့်မည်ဆိုတာ ဂူယူရှန်း သိပါ၏...
သူမ ပျော်နေတာကိုခံစားရတော့ ဂူယူရှန်းလည်း တော်တော်လေးစိတ်ကြည်နေသည်မို့
ကားထဲကနေ တောက်ပနေတဲ့ နေရောင်ကို မော့ကြည့်လိုက်ပြီး ...
“ခဏလေးနော်”
ဖုန်းကို နား နားက ခွာကာဖုန်းထဲမှာ တစ်ခုခုကိုနှိပ်နေလိုက်ပြီးနောက်ဂူယူရှန်း ဖုန်းကို ပြန်နားထောင်ကာ ....