Part 1(U&Z)

28.1K 859 1
                                    

Unicode

ထမင်းစားခန်းမှာလက်ဖက်ရည်နဲ့ကိတ်မုန့်စားနေတုန်း လင်း ဖေဖေ့ကိုကြည့်လိုက်မိသည်။ထုံးစံအတိုင်း Duty Coatဝတ်ကာဆေးရုံသွားရင်သွား မသွားရင် ကျောင်းသို့သွားရမည်။ ဖေဖေကတော့ဘာမှမပြောပဲမျက်နှာထားတင်းတင်းနဲ့မုန့်ကိုဆက်စားနေစဥ် ဧည့်ခန်းထဲမှ ဖုန်းသံဝင်လာသည်။ စားနေစဥ်သောက်နေစဥ်ဝင်လာတဲ့ဖုန်းသံ
ကြောင့် ဦးကိုကို စိတ်အနှောင့်အယှက်ဖြစ်သွားပုံပေါ်ကာ မျက်နှာမှုန်ကုပ်သွားသည်။

လင်းဖုန်းထကိုင်ရင်ကောင်းမလား စဥ်းစားနေသော်လဲ ဖေဖေက အလုပ်နှစ်ခုတစ်ပြိုင်တည်းလုပ်တာ မကြိုက်တတ်သူ ။ ဒီအိမ်မှာ အငယ်ဆုံးမို့ လင်း ဖေဖေ့ကိုတော့ကြောက်ရသည်။ ထိုစဥ် ခြံထဲမှပန်းပင်ရေလောင်းနေရင်း ဖုန်းသံကြောင့် ကိုတုတ်ကြီးဝင်လာပြီး ဖုန်းကိုင်လိုက်သည်။ ကိုတုတ်ကြီးဆိုတဲ့အတိုင်း လူက ဝဝဖိုင့်ဖိုင့်နှင့်အရပ်ထောင်ထောင်မောင်းမောင်း ဖြစ်ပြီးအလုပ်လုပ်တာမြန်ဆန်တာမို့ဖေဖေ့ရဲ့ယုံကြည်ရတဲ့အလုပ်သမားလဲဖြစ်သလို ၊ လင်းအတွက်တော့ ဦးလေးတစ်ယောက်လိုပင်။

"ဆရာ၊အကိုလေး ပြဿနာဖြစ်ပြန်ပြီတဲ့"

ဦးကိုကို စားလက်စကိတ်မုန့်ကိုချထားလိုက်ပြီး ပင့်သက်ရှိုက်ကာ ကိုတုတ်ကြီးကို လှည့်ကြည့်လိုက်သည်။ ဒီကောင်အမြဲဒီလိုပြဿနာရှာနေကြ။ လူပျိုပေါက်အရွယ်ရောက်ကတည်းကရှာလိုက်တဲ့ပြဿနာဆိုတာ သက်စေ့ ၊သူ့ကိုရောဂရုစိုက်သေးရဲ့လား။မိခင် မရှိတော့တဲ့နောက် သူထင်တိုင်းကြဲရည်းစားတွေလဲ ထည်လဲတွဲ ယူလားဆိုတော့လဲ မယူခဲ့ဘူး ၊ မေးလိုက်တိုင်းလဲ သူတို့ဘက်ကစကြိုက်လို့ဆိုတာနဲ့တင်ပြီးသွားခဲ့သည်။

၄ဘာသာ ဂုဏ်ထူးလေးနဲ့အောင်ခဲ့လို့ UM1(University of Medicine 1)ထားလိုက်ပါတယ် ၊ စီနိယာရဲ့ ညီမနဲ့ငြိပြီးပြဿနာ
ဖြစ်တာ ကျောင်းထွက်လိုက်ရတဲ့အထိ။ ဒီကောင်ဘယ်အချိန်ထိ သူ့ကိုဒီလိုအရွဲ့တိုက်နေအုံးမှာလဲ။ သူ့ပြဿနာတွေလိုက်ရှင်းနေခဲ့ရတာတင် ရှိရင်းစွဲအသက်ထက် အတော်ပင်အိုမင်းရင့်ရော်လာပြီ။

"လွှတ်ထားလိုက် တုတ်ကြီး၊ ဒီကောင် အသက်၃၀ ရှိနေပြီ အခုထက်ထိမရင့်ကျက်နိုင်သေးဘူး"

My Weird Husband [ Completed ]Where stories live. Discover now