Extra(U&Z)

11K 351 8
                                    

Unicode

တိတ်ဆိတ်နေတဲ့ တဲလေးအရှေ့ ကလေးတစ်စု ဟိုချောင်းဒီချောင်း
နှင့်တစ်စုံတစ်ယောက်ကိုရှာဖွေနေသလို အုပ်စုလိုက်လေးရပ်နေသည်။

ရှပ်!ရှပ်!ရှပ်!

"ဘယ်လိုလဲ တွေ့လား!"

"ဟင့်အင်း!တွေ့ဘူး!"

"ကိုကြီးစာဆိုဘယ်ရောက်နေတာပါလိမ့်"

စာအုပ်လေးကိုယ်စီပိုက်လာပြီး သရဲပုံပြင်ပြောခိုင်းမလိူ့ရောက်လာသည့်ကလေးတွေ မျက်နှာရှုံ့မဲ့ပြီး တဲအရှေ့က ပြန်ထွက်လာသည်နှင့် တောထဲဝင်လာသည့် ဆိုင်ကယ်ကြီးကိုမြင်ပြီး မျက်နှာစူပုပ်သွားကြသည်။

"ဒီမှာ!ဦးလေးကြီး"

ဆိုင်ကယ်စက်သပ်ပြီး Helmetချွတ်နေတုန်းမှာပဲ အဝေးတစ်နေရာကခေါ်လိုက်သံကြောင့် စက် မျက်မှောင်ကျုံ့ပြီး လှမ်းကြည့်လိုက်တော့စူပုပ်ပုပ်မျက်နှာလေးတွေနှင့် တရွေ့ရွေ့တိုးလာသည့် ကလေးတွေကိုတွေ့လိုက်ရ၏။

"ဘာလဲ"

"ကိုကြီးစာဆို မတွေ့လို့ ဘယ်မှာလဲ"

"ရွာထဲမှာနေမှာပေါ့ ကြီးမေဆီခဏသွားတယ်"

"သားတို့ဒီမှာစောင့်မယ်အဲ့တာဆို"

အုပ်စုထဲက ပြောရဲဆိုရဲရှိသည့် ကလေးတစ်ယောက်က စက်ကိုမျက်စောင်းထိုးပြီး ကွပ်ပျစ်လေးပေါ်ဝင်ထိုင်လိုက်သည်နှင့်အကုန်လုံးကပါ ဝင်ထိုင်လိုက်ပြီး လက်ပိုက်ကာ ဆရာကြီးစတိုင်နှင့် စက်ကို စူစူဆောင့်ဆောင့်ကြည့်နေသည်။ သူတို့စိတ်ထဲမှာတော့ စာဆိုကို သူတို့ဆီကလုယူသွားသည်ဟူ၍ မကျေနပ်သေး။ပြီးတော့မျက်နှာမဲ့လိုက်ပြီး

"ဦးလေးကြီးက ကိုကြီးစာဆိုကိုဘာလိူ့ယူတာလဲ"

"ဟွန်း!မင်းတို့လို လက်တောက်လောက်လေးကဘာလို့သိချင်တာလဲ"

"မေမေပြောတာကတော့ ယောက်ျားလေးချင်းယူတာက ထူးလို့ယူတာတဲ့"

"ဟား!ဟား!ဟား!"

"အော်ရယ်မနေပါနဲ့၊ သားတို့မေမေပြောတာမှားလို့လား"

"အဟွန်း!အနိုင်ကျင့်ချင်လို့ယူထားတာလေ၊ ထူးလဲထူးတယ်၊ ဘူးလဲဘူးတယ်"

My Weird Husband [ Completed ]Where stories live. Discover now