Part 21(U&Z)

6.9K 336 0
                                    

Unicode

စားသောက်ဆိုင်တစ်ဆိုင်ထဲဝင်သွားတဲ့စက်နဲ့ဘေးမှကောင်လေးကို
ကြည့်လိုက်ပြီး မင်းထင်ကားထဲကနေမျက်နှာမဲ့လိုက်သည်။ထို့နောက်
ဘေးမှာထိုင်နေတဲ့မိန်းကလေးကိုကြည့်ကာမှာစရာရှိတာများမှာ၍ ထိုမိန်းကလေးကို စားသောက်ဆိုင်ထဲ ဝင်သွားခိုင်းတာဖြစ်၏။

ထိုကောင်မလေးက ခေါင်းငြိမ့်ပြီး ကားပေါ်ဆင်း၍ စားသောက်ဆိုင်ထဲဝင်သွားတော့မှ စားသောက်ဆိုင်ရဲ့ အနီးတစ်နေရာမှာ ကားပါကင်ထိုးပြီး ထိုင်စောင့်နေလိုက်တော့သည်။ စက်ရန်ကုန်ပြန်ရောက်လာပြီဆိုတဲ့သတင်းကြားကတည်းကနောက်ကိုလူလွှတ်ပြီးစုံစမ်းခိုင်းရင်းကနေလုပ်ငန်းလုပ်နေပြီဆိုတဲ့သတင်းကြောင့် အနီးကပ်စောင့်ကြည့်ဖိူ့စက်မသိအောင်လူသွင်းထားတာလဲဖြစ်၏။

စားသောက်ဆိုင်ထဲဝင်လာတာနဲ့ ဆိုင်ကိုမျက်လုံးဝေ့ကြည့်လိုက်တော့ စားပွဲဝိုင်းတစ်ခုမှာ စက်နဲ့ကောင်လေးတစ်ယောက်ထိုင်နေတာတွေ့လိုက်တာနဲ့ ဆူးခက်အလိုလိုပြုံးလိုက်မိပြီး ထိုစားပွဲဝိုင်းဆီသို့ခြေလှမ်း
များကိုဦးတည်လိုက်တာဖြစ်သည်။

"ဟယ်...ကြည့်ပါအုံး၊ MD နဲ့ ဒီမှာလာဆုံရတယ်လို့"

သူမရဲ့အသံကြောင့် စက်ရော စာဆိုရောလှည့်ကြည့်လိုက်တော့ သူမက စာဆိုနဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့စက်ဘေးနားဝင်ထိုင်လိုက်ကာလက်မောင်းကို ဖက်တွယ်လိုက်တော့ စက်မျက်လုံးပြူးသွားပြီး စာဆိုကိုကြည့်လိုက်တော့ အေးတိအေးစက်မျက်နှာနဲ့ကြည့်နေတာဖြစ်၏၊

သူမက ဖြစ်ပျက်သွားသော စက်မျက်နှာနဲ့စာဆိုကိုကြည့်၍ ကြိတ်ပြုံးလိုက်ပြီး စကားစလိုက်တော့သည်။

"အမကMDရဲ့Secretaryလေ MD ဘယ်သွားသွားအမြဲလိုက်ရတယ်၊ဒါပေမယ့်ဒီနေ့ကနားရက်ပေမယ့်ရုံးမှာကိစ္စမပြတ်သေးတော့ MDဆီ ဖုန်းဆက်မလို့ပဲ၊ MDကဒီရောက်နေတာနဲ့အတော်ပဲဖြစ်သွားတယ်"

လက်မောင်းကို ဖြုတ်ချသော်လည်း အတင်းကုပ်ဖက်ထားသော သူမကြောင့်စက်မျက်နှာရဲခနဲ။ကိုယ့်ယောက်ျားကို အပြင်လိုက်ပို့ကာမှ ဒီဆိုင်မှာ ဘာလို့သူမနဲ့လာဆုံရတာလဲ။

My Weird Husband [ Completed ]Where stories live. Discover now