Part 9(U&Z)

8.1K 438 5
                                    

Unicode

ရွာထဲရှိ ထန်းတက်သမားအချို့၏၊စကားသံများကြောင့် ဒေါ်မေမိုးတစ်ယောက်နေရထိုင်ရပင်ခက်လာသည်။ စက် လွန်ခဲ့တဲ့တစ်ပတ်က တောထဲသွားရင်း ရန်ဖြစ်ခဲ့သလားမသိ၊ ထို့နေ့နောက်ပိုင်းကစပြီး ရွာထဲကို စာဆိုမလာခဲ့ပါ။ အခုတော့ မြင်လိုက်တဲ့ထန်းတက်သမားတွေပြောတဲ့စကားကြောင့် စက်နဲ့ စာဆို ဘာဖြစ်ခဲ့သလဲ သိချင်တာဖြစ်
သည်။ထိုစဉ် ဆိုင်ကယ် သော့ဝှေ့ရမ်းလာရင်း လေချွန်လျက်အပြင်ထွက်ဖို့ရည်ရွယ်နေတဲ့ စက်ကိုမြင်လိုက်တာနဲ့ ဒေါ်မေမိုးလှမ်းခေါ်ဖြစ်သည်။

"စက်!ဒီကိုခဏလာပါအုံး"

"ဘာလဲဒေါ်လေး"

"မင်း ဟိုတစ်နေ့က တောထဲသွားတော့ စာဆိုနဲ့ စကားများရန်ဖြစ်တာ များရှိခဲ့သလား၊ ရွာထဲမှာ မင်းကိုမြင်လိုက်တဲ့ ထန်းတက်သမားတွေတစ်ယောက်တစ်ပေါက်ပြောတဲ့သတင်းတွေကြားတယ်၊ မင်း တောရိုးသွားပြီးတဲ့နောက်ပိုင်းကစပြီး စာဆို ရွာဘက်ကိုလဲမလာသလို၊ တောထဲက ထွက်လာတာမျိုးလဲ မမြင်ဘူးတဲ့၊ အဲ့တာကြောင့် မင်းတို့ရန်ဖြစ်ထားသလားလိူ့ မေးကြည့်တာ"

"ရန်ကတော့ မဖြစ်ပါဘူး ၊ ဒါပေမယ့် သူက ကျွန်တော့်ကိုရိုက်လိုက်လို့ ပညာလေးနဲနဲလောက်ပြန်ပြခဲ့ရုံတင်ပါ၊ သူက အခု တောထဲကနေထွက်မလာဘူးပေါ့၊ ဟွန်း! သူ့ဘာသာသူ ရွာကိူမလာချင်လို့မလာတာကို စက်ရာရှိန်လင်းကပဲလူဆိုးကြီးဖြစ်သွားရပြန်ပြီလား"

စက်စကားကြောင့် ဒေါ်မေမိုး ရင်ဘတ်ဖိ ဘုရားတမိတာဖြစ်သည်။ ကိုယ့်တူထက် ၁၀နှစ်လောက်ငယ်တဲ့ ကလေးက ကိုယ့်တူကို ရိုက်တာတဲ့လား။ တော်တော်မလွယ်တဲ့ ဗီဇ တွေပါလား။ တစ်ဖက်လူက ထရိုက်တဲ့အထိ ဖြစ်အောင် ကိုယ့်တူကလဲ ဘာစကားတွေသွားပြောလိုက်လဲမှမသိတာ။

စက်ပုံစံကြည့်ရတာတော့ ဘာကိုမှအပူအပင်မရှိအပြင်ထွက်ဖို့ ဆိုင်ကယ်စက်နှိုးနေတာမြင်တာနဲ့

"အခုဘယ်သွားအုံးမှာလဲစက်"

"ရေစကြို၊ ပြန်လာရင် ထန်းသီးမုန့်ဝယ်လာခဲ့ရမလား၊ မြို့ပေါ်က ထန်းသီးမုန့်က ကောင်းတယ်လို့ နာမည်ကြီးတယ် "

My Weird Husband [ Completed ]Where stories live. Discover now