Part 15(U&Z)

8.1K 392 0
                                    

Unicode

"ဟော...မောင်လေးနိုးပြီလား၊ လာလေ နံနက်စာလာစား"

အပေါ်ထပ်မှ ဆင်းလာတဲ့စာဆိုကိုမြင်လိုက်သည်နှင့် ထမင်းစားခန်းထဲမှ လင်း လှမ်းခေါ်လိုက်တာဖြစ်၏။ ခေါ်သံကြောင့် စာဆိုခေါင်းငြိမ့်ပြီး စားပွဲမှာဝင်ထိုင်လိုက်တာနှင့် လင်းက သေချာကြည့်လိုက်ပြီး အအေးတစ်ခွက်ချပေးလိုက်လေသည်။

"ဘာစားမလဲ၊ မုန့်ဟင်းခါးစားမလား၊ နန်းကြီးသုပ်စားမလား"

"မုန့်ဟင်းခါးပဲစားမယ်"

လင်းခေါင်းငြိမ့်ပြီး မုန့်ဟင်းခါးကို ပန်းကန်ထဲ ထည့်ပေးနေစဥ်မှာပဲ စာဆို အိမ်ရှေ့ကိုဝေ့ဝဲကြည့်လျက်

"ဟို...ဦးစက်နဲ့ လေးလေးရော"

"ဟင်...ဦးစက်!..သြော် ကိုကိုလား၊ ကိုကိုမနက်အစောကြီးကတည်း
က အပြင်ထွက်သွားတယ် သူ့သူငယ်ချင်းနဲ့ လုပ်ငန်းခပ်သေးသေးတစ်ခုလုပ်မလို့ဆိုလား၊ မနက်က မောင်လေးမနိုးသေးတော့ မပြောခဲ့တာထင်တယ်၊ ဖေဖေကတော့ ဆေးရုံDutyရှိလို့အစောကြီးသွားတယ်"

လင်းကပြောရင်း မုန့်ဟင်းခါးပန်းကန်ကို လာချပေးပြီးနောက် စားပွဲပေါ်လက်ထောက်ကာမုန့်ဟင်းခါးစားနေတဲ့ စာဆိုကိုကြည့်၍

"စာဆိုက သရဲတွေဝိညာဥ်တွေမြင်ရတယ်ဆို၊ ရွာကိုလာတုန်းက ဒေါ်လေးပြောလိုက်တာ"

"ဟုတ်ကဲ့ ၊ ငယ်ငယ်တုန်းကတည်းကပါ"

လင်းလဲခေါင်းငြိမ့်နားထောင်နေပြီး သိချင်တာရှိတာနဲ့ စကားထပ်စလိုက်၏။

"ဒါဆို ဒီအိမ်မှာရော သရဲကိုမြင်ရလား၊ ဥပမာ တို့ရဲ့မေမေပေါ့"

လင်းစကားကြောင့် မုန့်ဟင်းခါးစားရင်း အိမ်ကိုမျက်လုံးဝေ့ကြည့်
လိုက်ပြီး ခေါင်းခါလျက် ချပေးထားတဲ့အအေးခွက်ကိုယူသောက်ကာ

"ဒီအိမ်မှာသရဲမရှိဘူး၊ အန်တီက ကောင်းရာမွန်ရာ ရောက်မှာသေချာတယ်၊ဒါပေမယ့် ဦးစက်ဆီမှာတော့ အခိုးအငွေ့တွေလို မကောင်းတဲ့အငွေ့အသက်တွေတော့မြင်ရတယ်"

"ဟင်!ကိုကို့ဆီမှာ!စာဆိုက အဲ့သလိုမျိုးတွေပါမြင်ရတာလား၊ ဒါဆို တို့ဆီမှာရောဘာမြင်ရလဲ"

My Weird Husband [ Completed ]Where stories live. Discover now