Part 30 Final(U&Z)

13K 357 8
                                    

Unicode

ဗြန်း!

နွားတင်းကုပ်လေးမှာ နွားစာကျွေးပြီး ထန်းရည်ကြိုနေတဲ့ တဲပုလေးထဲက ထန်းလျက်လုံးပြီးသားထန်းလျက်ဗန်းလေးကိုင်လာရင်း တဲအရှေ့ပြန်ထွက်လာ၏။ထို့နောက်တဲအရှေ့က ထန်းပင်တစ်ပင်မှာမှီပြီးလက်ပိုက်ရပ်နေတဲ့ စက်ကိုမြင်လိုက်သည်နှင့် စာဆိုလက်ထဲက ကိုင်ထားတဲ့ ထန်းလျက်ဗန်းကြီးလွတ်ကျသွားတာဖြစ်သည်။

အဝါရောင် ရှပ်လက်ရှည်ပေါ်မှာမှအနက်ရောင်ဂျာကင်လက်ပြတ်ထပ်
ဝတ်ဆင်ထားပြီး ဂျင်းဘောင်းဘီရှည်ဝတ်ထားပုံက ၁၉၉၀ခုနှစ်က ယောက်ျားပျိုတွေပုံစံအတိုင်း၊ပြီးတော့ ဘိုကေကိုမှနဖူးပေါ် တစ်မျှင်နှစ်မျှင်ကျနေတဲ့ဆံပင်စလေးများက Helmet ချွတ်လိုက်လို့ အနည်းငယ်ပွနေကာလှုပ်လိလှုပ်လဲ့ဖြစ်၏၊အနက်ရောင်ဆိုင်ကယ်ကြီးကို ထန်းပင်နား ထိုးရပ်ထားပြီးHelmetကိုလက်ထဲကမချပဲ ထန်းပင်မှာမှီနေပုံက သူ့ကိုယ်သူရုပ်ရှင်မင်းသားလိုလို။ ဒီလူမဟုတ်မှ
ဒီဆိုင်ကယ်ကြီးကို တမ်းကြမ်းတဲ့ တောလမ်းထဲအထိမောင်းလာခဲ့တာလား။

ထိုစဥ်ပတ်ဝန်းကျင်မှလေအေးအေးလေးတစ်ချက်တိုက်ခတ်သွားကာအုံ့မှိုင်းနေသော ကောင်းကင်ကြီးနဲ့အတူထန်းတောလေးဟာလဲတိတ်
ဆိတ်ငြိမ်သက်နေသည်။

ဒီကိုသူဘယ်လိုသိပြီးရောက်လာတာလဲ၊ကြီးမေများပြောလိုက်တာလား။မျက်စိမျက်နှာပျက်ပြီး ပြန်မော့ကြည့်လိုက်သည်နှင့် စက် ကခြေတလှမ်းချင်းတိုးလာကာ လက်ပိုက်လျက် စာဆိုရှေ့ရောက်လာပြီး ခန္ဓာကိုယ်တည့်တည့်မတ်ကာ နှုတ်ခမ်းတစ်ဖက်အပေါ်သို့ကွေးညွန့်သွားသည်က လူယုတ်မာဒီဇိုင်းနှင့်ဖြစ်သည်။ ထို့နောက်အေးတိအေး
စက်သြရှရှလေသံကြီးဖြင့်

"မင်းဒီလိုထွက်ပြေးသွားတာနဲ့ပဲငါ့လက်ကလွတ်မယ်လို့ထင်သလား"

"ဦးစက် ဒီကိုဘာဖြစ်လို့လိုက်လာတာလဲ၊ကြီးမေပြောလိုက်တာလား"

"ဟွန်း!မင်းဘယ်ရောက်နေလဲဆိုတာ ဘယ်သူမှပြောစရာမလိုဘူးရှေးစာဆို၊ငါကမင်းယောက်ျား မင်းထွက်ပြေးလဲ အလွယ်လေးလိုက်ဖမ်းနိုင်တယ်"

My Weird Husband [ Completed ]Where stories live. Discover now