Part 3(U&Z)

10.9K 516 3
                                    

Unicode

Clubထဲမှာကနေတဲ့မိန်းကလေးတွေကို လိုက်ကြည့်ရင်း အရက်တစ်ခွက်ငှဲ့နေတုန်းမှာပဲ ၊ သူငယ်ချင်းတွေရောက်ချလာသည်။ အကုန်လုံးက လူကုံထံအသိုင်းအဝိုင်းတွေပဲဖြစ်၏၊ သို့သော် တစ်ယောက်နဲ့တစ်ယောက်နောက်ကွယ်မှာတော့ပြိုင်ဆိုင်မှုလေးတွေရှိတက်တာကို စက်သိထားသောကြောင့်၊ အပေါင်းအသင်း ရက်ရောတာမျိုးတော့မရှိခဲ့။ စက် အတွက်တော့သူငယ်ချင်းဆိုတာ လိုရင်သုံးမယ်၊ မလိုရင် အမှိုက်တစ်စလောက်တောင်ထည့်မတွက်သူဖြစ်သည်။ ထို့နောက် ငှဲ့ထားတဲ့ အရက်ခွက်ကိုမော့လိုက်ပြီးမိန်းမလှလေးတွေပြန်ငေးနေစဥ်မှာပဲ။

"စက် ဟိုဘက်က အင်္ကျီအနီနဲ့ကောင်မလေး မင်းကိုကြည့်နေတယ်"

ရဲသွေး ပြတဲ့ စားပွဲဝိုင်းဘက်လှည့်ကြည့်လိုက်တော့ အင်္ကျီအနီ ကိုယ်ကျပ်ဝတ်ထားတဲ့ကောင်မလေးက ခြေချိတ်ထိုင်၍Shanpain ခွက်လေးကိုင်ပြီး ဆံပင်ကောက်လေးကို လက်တစ်ဖက်ဖြင့်လိမ်ဆွဲကာ စက်ကိုကြည့်နေပုံက အထာပေးနေသလိုဖြစ်သည်။အဟက်!
မိန်းမတွေအကြောင်း နောကျေထားသူပီပီ ဘယ်လိုအထာပေးရင်
ဘယ်လိုဆိုတာ စက်သိထားပြီးသားဖြစ်၏။ဒါပေမယ့်လဲ တစ်ယောက်ပြီး တစ်ယောက်ထည်လဲတွဲလာတာမို့ ကြာတော့သူပျင်းလာသည်။

အချစ်ဆိုတာဘာလဲ သူမသိ၊ သူ့ကိုကြိုက်ပါတယ် ပြောတဲ့မိန်းက
လေးတွေကြောင့်သာ အပျင်းပြေတွဲ ဖြစ်ခဲ့သည်။ အခုလဲ ကြည့်သူ့ကိုအထာပေးနေပြန်ပြီ။ အဟက်! စက်ရာဆိုတဲ့ကောင်အတွက်တော့ မိန်းမလှလေးတွေဆိုတာ ခြေတော်တင်သာသာ။ ထို့နောက် အရက်ခွက်ကိုင်ပြီး ထရပ်လိုက်တော့ ရဲသွေးက ပြန်ဆွဲထားသည်။

"မင်းဘာသွားလုပ်မလို့ စက် အရင်တစ်ခါရန်ဖြစ်လို့ မင်းပထွေးကြီး ကြိမ်းထားတယ်ဆို အခုဘာပြဿနာရှာအုံးမလို့လဲ"

"ကျွတ်! မင်းက ငါ့ကိုအားအားနေ ပြဿနာရှာတဲ့ကောင်လို့ တွေးနေပြီလားဘာမှမဖြစ်ဘူး၊ သူ့ဘက်ကအလိုရှိလာလို့ ကိုယ့်ဘက်ကပေးရုံပဲ၊နှစ်ဦးနှစ်ဖက်အဆင်ပြေရင်ပြီးပြီ"

တားမရတဲ့ စက်ကိုကြည့်ပြီး ရဲသွေး သေချင်စိတ်ပေါက်လာပြီ။ သူပဲထည်လဲတွဲပြီး ပျင်းတယ်ပြောလိုက် ပြီးတော့သူပဲ မနေနိုင်။ ဒီတိုင်းတော့ ထိုင်နေလို့မဖြစ် Clubကိုလာတာသူခေါ်ထားတာဖြစ်လို့ စက်ပြဿနာတက်လျှင် သူပါခေါင်းမွှေးမီးတောက်မည်။

My Weird Husband [ Completed ]Where stories live. Discover now