Part 20(U&Z)

7.4K 343 0
                                    

Unicode

အပေါ်ထပ်ကဆင်းလာပြီး Sling Bagအိတ်ထဲကို မိတ်ကပ်ဘူးနဲ့ စားပွဲပေါ်မှာတင်ထားတဲ့ဖုန်းကောက်ထည့်လိုက်စဥ်မှာပဲ ခြံထဲကို ကားတစ်စီးထိုးဝင်လာတာမြင်လိုက်တော့ လင်း အိမ်ရှေ့ကိုကြည့်လိုက်တာဖြစ်သည်။ ကားလေးက ပေါ်တီကိုအောက်ရောက်တာနဲ့ ရပ်တန့်သွားပြီး ကားပေါ်မှလူတစ်ယောက်ဆင်းလာတာမြင်လိုက်တော့ လင်း မျက်ဝန်းလေးများတောက်ပသွားကာ အပြေးသွားကြိုလိုက်၏။

"ကိုကိုပြန်လာပြီလား"

"အင်း"

စက် အိမ်ထဲရောက်တာနဲ့ တစ်အိမ်လုံးကို ဝေ့ဝိုက်ကြည့်လိုက်ပြီး လင်းကိုပြန်ကြည့်လိုက်တော့ အပြင်သွားမလို့ပြင်ဆင်နေတဲ့ လင်းအမူအရာကြောင့်

"နင်အခုဘယ်သွားမလို့လဲ"

"အလုပ်Interviewသွားဖြေမလို့၊ ဖေဖေလဲ ဆေးရုံစောစောသွားတယ်၊ ဦးတုတ်ကြီးကတော့စျေးသွားတယ်"

လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ ပစ္စည်းတွေထည့်ရင်းစက်ကိုမော့ကြည့်လိုက်ပြီး အပေါ်ထပ်ကိုမေးဆက်ပြကာ ပြုံးလိုက်၍

"စာဆိုကအပေါ်မှာစာဖတ်နေတယ်ထင်တယ်၊ကိုကိုအဲ့တာမေးချင်တာမလား"

လင်းစကားကြောင့် စက်မျက်နှာရဲခနဲဖြစ်သွားပြီး လင်းခေါင်းကိုခပ်ဖွဖွထုလိုက်၏။ ဒီကောင်မလေး အကြီးကိုပမာမခန့်နဲ့။

"အကိုကို အဲ့သလိုစရတာပျော်နေတာလား"

ဟွန်း!

ခေါင်းအခေါက်ခံလိုက်ရတော့ လင်းမျက်နှာ စူပုပ်သွားကာခြေဆောင့်ပြီးအိမ်ထဲကထွက်လာခဲ့သည်။မသိပဲလား ၊ သူ့မျက်နှာမှာ ရှေးစာဆို ဘယ်ရောက်နေလဲ လို့မေးချင်နေတာ အတိုင်းသားမြင်နေရတယ်။

လင်းထွက်သွားတာ ရပ်ကြည့်လိုက်ပြီးခဏကြာမှခြေသံတိတ်၍ အပေါ်ထပ်သို့ တက်လာခဲ့လိုက်တာဖြစ်သည်။

စာဆို့အခန်းရှေ့ရောက်တာနဲ့ ခြေစုံရပ်လိုက်ပြီး တံခါးကိုအသာလေး ဖွင့်ကြည့်လိုက်တော့ ကျောပေးထိုင်နေပြီးပြတင်းပေါက်ဖက်လှည့်ကာ စာအုပ်တစ်အုပ်ကိုင်ထားတာကို မြင်နေရသည်။နောက်ကနေခြေသံတိတ်လျှောက်လာရင်း အနီးကပ်ရောက်မှ စာဆို့လည်တိုင်ကိုသိုင်းဖက်လိုက်ကာ မေးဖျားကိုပုခုံးစွန်းပေါ်တင်ထားလိုက်၏။

My Weird Husband [ Completed ]Where stories live. Discover now