Part 17(U&Z)

7.5K 382 3
                                    

Warning🚨 Adult & Kiss Scenes ပါဝင်သဖြင့်
မကြိုက်တက်သူများနှင့် ၁၈ နှစ်အောက်များဖတ်ရန် လုံးဝမသင့်တော်ပါ။

[ဖတ်တဲ့သူတွေကိုလဲ ဗဟုသုတမပါတဲ့အပိုင်းမလို့ ဒီမှာပဲဖတ်ပြီး
ဒီမှာပဲထားခဲ့ပါလိူ့မေတ္တာရပ်ခံပါတယ်။screenshotယူပြီးလဲ
ပြန်မတင်ကြပါနဲ့နော်..။]

Unicode

ဒေါက်!ဒေါက်!

အပြင်မှတံခါးခေါက်သံကြားတော့ စက်တံခါးကိုမော့ကြည့်လိုက်စဥ်မှာပဲ ရုံးအခန်းထဲကို ကောင်မလေးတစ်ယောက်ဝင်လာတာမြင်လိုက်တာနဲ့ Foreigner Listတွေကြည့်နေရာမှ ထရပ်လိုက်ပြီး

"လာလေ မင်းက အသစ်ရောက်လာတဲ့Secretaryလား"

ကောင်မလေးက ခေါင်းငြိမ့်ပြလိုက်တော့ လက်ထဲက ကိုင်ထားတဲ့ဖိုင်အိတ်လေးကိုလွှဲပေးလိုက်ပြီး လိုအပ်သည်များကို ညွှန်ကြား၍ ထိုကောင်မလေး ပြန်ထွက်သွားတော့မှ စိတ်မွန်းကြပ်မှုကြောင့် Suit
အပြည့်ဝတ်ထားသော်လည်းရှပ်အင်္ကျီ ကြယ်သီးများကို တစ်လုံးစနှစ်လုံးစ ဆွဲဲဖြုတ်လိုက်ပြီး စီးကရက်တစ်လိပ်ထုတ်မီးညှိကာ တစ်ဖွာနှစ်ဖွာရှိုက်လိုက်ရင်းအထပ်မြင့်တိုက်ကြီးပေါ်မှမြို့ရဲ့ Viewများကို
ကြည့်နေလိုက်တာဖြစ်သည်။

စာဆိုနှင့်သူ ဆေးစစ်ပြီးနောက် အခန်းပါခွဲပေးလိုက်၍Company
ကိစ္စများကြောင့် အိမ်လဲမပြန်ဖြစ်ခဲ့သလိုCompanyမှာတင် အလုပ်ကိစ္စများနှင့်နေ့နေ့ည ညကုန်ဆုံးခဲ့ရတာဖြစ်၏။ စီးပွားရေးဆို စိတ်မဝင်စားခဲ့တဲ့စက်ဟာ အိမ်ထောင်ကျပြီးတော့မှ အိမ်ထောင်ဖက်ရဲ့အထင်ကြီးခံရလိုခံရငြားအလုပ်တွေကြိုးစားခဲ့တာဖြစ်သည်။တစ်ဖက်သားကအထင်သေးတာကိုတော့စက်မခံချင်ပါ။သူကသာလျှင်ဦးဆောင်သူ၊ လေးစားခံရသူဖြစ်ချင်သောကြောင့်။ဟက်!မင်းအထင်ကြီးခံရဖို့ဆိုငါဘာပဲလုပ်ရလုပ်ရ ရှေးစာဆို။ ငါ့လိုလူကိုမင်းအထင်သေးစရာဘာအကြောင်းမှမရှိစေရဘူး။

"ဒီနေ့လဲ စက်ရာ ပြန်မလာဘူးလား သား"

"ဟုတ်ကဲ့"

ထမင်းလက်ဆုံစားရင်း ဦးကိုကိုသက်ပြင်းချလိုက်တော့သည်။ စက်ရာကတော့ တကယ်ပဲရွဲ့နေပြန်တာလား။ဒီကောင်တစ်ကယ်ပဲ အလုပ်
ရှုပ်နေတာရောမှန်ရဲ့လား။ ရုတ်တရက်ကြီးအခန်းခွဲပေးလိုက်ကတည်း
ကထူးဆန်းသည်လို့တော့ထင်မိခဲ့တာဖြစ်သည်။ ဒီကောင်တစ်ကယ်ပဲ ဘာတွေလုပ်နေပြန်ပြီလဲ။ စာဆို့ကိုကြည့်လိုက်တော့လဲ ထမင်းကိုစိတ်မပါလက်မပါနဲ့ စားနေတာဖြစ်၏။

My Weird Husband [ Completed ]Where stories live. Discover now