∆ About Second Edition ∆

29.7K 1.8K 119
                                    

Unicode

Hello.
ပြန်တွေ့ကြပြန်ပါပြီ။

မိုင်ဒူဒူဒင်ကို ဒုတိယအကြိမ်မထုတ်တော့ဘူးလို့ တွေးထားခဲ့ပေမဲ့ ပထမအကြိမ်မှာ စာအုပ်ကို instockမထားမိလိုက်တော့ မဝယ်လိုက်ရတဲ့သူက အများကြီးကျန်နေခဲ့ပါတယ်။ ဒီလိုတွေကြောင့် ဒုတိယအကြိမ်ကို ထုတ်ပေးဖို့ဖြစ်လာတာပါ။ ဒါနောက်ဆုံးအကြိမ်ပါ။

အစက လေးလပိုင်းမှာထွက်လာဖို့ စီစဥ်ထားခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်  နောက်ဆုတ်လိုက်ရပါတယ်။ ရပ်ပစ်လိုက်ဖို့တွေးခဲ့ပေမဲ့ အမျိုးမျိုးစဥ်းစားပြီး နောက်ဆုံးမှာတော့ စီစဉ်ထားပြီးတဲ့ Artတွေ၊ Coverတွေကြောင့် ဆက်ထုတ်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ ဆိုတော့ DuDuတို့ရဲ့ sec editionက နောက်လမှာ ထွက်လာမှာပါ။ အစောပိုင်းအပတ်တွေလောက်မှာ orderကောက်ဖြစ်ဖို့ များပါလိမ့်မယ်။

ဒီVerအတွက် သိချင်မယ်ထင်ရတဲ့ အချက်အလက်တချို့ကို အဆု တစ်ခါထပ်ပြီးပြောပြပေးပါမယ်။

(၁) ပထမအကြိမ်ထုတ်ခဲ့တုန်းက coverအတိုင်း လုံးဝပြန်ထွက်လာမှာမဟုတ်ပါဘူး ✖️ Coverအသစ် ဖြစ်ပါတယ်။

(၂) Extra ၂ပိုင်း အသစ်ပါလာပါမယ်။ [Main chapter- 45 , Extra - 2, <45+2>  All chapter - 47 ]

(၃) Inner art ပါပါမယ်။ သဘောကျလောက်မယ်ထင်ရတဲ့ giftအချို့လည်း ထည့်ပေးထားပါတယ်။ ဘာတွေဘယ်လိုပါမယ်ဆိုတာကတော့ မကြာခင်အချိန်အတွင်းမှာ သိကြရမှာပါ။ Inner artတွေကိုတော့ လာမယ့်ရက်ပိုင်းတွေအတွင်း AHsu_Moe Pageမှာ တစ်ပုံချင်းချပြသွားပါ့မယ်။

(၄)ထွက်မယ့်စာအုပ်တိုက်ကိုတော့ အောက်ဆုံးမှာ ပုံထည့်ပေးထားပါတယ်။

ကိုယ်တိုင်စိတ်နှစ်ပြီးလုပ်ပေးနိုင်တာ ဒါနောက်ဆုံးအကြိမ်မို့ အတတ်နိုင်ဆုံး အဆင်ပြေအောင် ကြိုးစားပေးနေပါတယ်။ တိုက်ကရော၊ artistတွေကရော၊ အဆုရောက သေချာကြိုးစားပေးနေတာမို့ အမှတ်တရကောင်းတွေချည်းကျန်ခဲ့ဖို့ မျှော်လင့်ပါတယ်။

စာအုပ်ကို Pre Orderကောက်တဲ့အခါ နောက်တစ်ကြိမ်လာပြီးAlarmပေးပါဦးမယ်။ တကယ်လို့များ ဒူဒူစကွက်ရဲ့ second editionကို အိမ်မှာသိမ်းထားချင်တယ်ဆိုရင်တော့ ပိုက်ဆံကြိုစုထားနိုင်ပါပြီ။

My DuDuDin ♡Where stories live. Discover now