"14"

99.1K 12.1K 1.6K
                                    

Zawgyi ❤️

"ကိုသာဒင်ရေ ပစ္စည်းတွေစုံပြီလား"

အဘက လက်ဆွဲသေတ္တာများ၊လက်ဆောင်ပစ္စည်းများကို ကားနောက်ခြမ်းတွင် တင်နေရင်းမှ "စုံပြီထင်တာပဲ ရှင်မရေ"ဟု လှမ်းဖြေသည်။

"သားသူငယ်ချင်းတွေရော မရောက်သေးဘူးမလား.. ဖုန်းဆက်ပါဦး သားငယ်ရဲ့"

သာဒင်ဖုန်းထုတ်လိုက်စဉ်မှာပဲ ခြံဝသို့ ရောက်လာသော ကားအနက်လေးကိုမြင်လိုက်ရသည်။

"လာပြီ အမေ ဟိုမှာ"

"ဟူး မောလိုက်တာ"

ချစ်တီးက သူ့ luggage အသေးစားလေးကို ကားပေါ်မှ မနိုင်မနင်းဆွဲချရင်း ညည်းသည်။

"ဘာမောတာလဲ..ကုလားသေကုလားမော အိပ်နေပြီးတော့များ..ဖနောင့်နဲ့ပေါက်ပြီးနိုးမှပဲ ထတော့တယ်..ကာလနဂါးနဲ့အမျိုးစပ်ထားတဲ့အကောင်"

စာဂျပိုးက ဒေါကြီးမောကြီးမာန်မဲတော့ တရားသမားကလည်း ထောက်ခံသလို ခေါင်းတညိတ်ညိတ်။

"သားတို့မိဘတွေဆီက ဒီကိုလိုက်ဖို့ ခွင့်ရောတောင်းခဲ့ကြရဲ့လားကွဲ့ "

အဘက သတိတရ ဝင်မေးသည်။ဒုနှစ်ဝက်စာမေးပွဲကြီးပြီးတော့ ကျောင်းပိတ်ရက် ရနေသော သာဒင်တို့ကို ကျေးလက်တွင်ကျင်းပသော သီတင်းကျွတ်မီးထွန်းပွဲတော်ကို သွားရောက်ဆင်နွှဲနိုင်ကြစေရန် စီစဉ်ထားကြခြင်းဖြစ်သည်။

"ဟုတ်ကဲ့ ဦးလေး ခွင့်တောင်းခဲ့ပါတယ်ဗျ"

တရားသမားက ပြုံးပြုံးလေးနှင့် တရိုတသေဆိုရှာသည်။

"ကျွန်တော့်အမေကဆို ပြောရဆိုရသက်သာတယ်ဆိုပြီး ဝမ်းသာအားရနဲ့"

ချစ်တီး၏မချိသွားဖြဲစကားကို သာဒင့်အမေနှင့်အဘက သဘောကျသလို ရယ်ကြသည်။

"ကဲ လူစုံရင် သွားကြစို့ကွယ့်..နေမြင့်ရင် ပူလာလိမ့်မယ်..သားက သူငယ်ချင်းတွေနဲ့ပဲ အတူစီးမှာလား"

My DuDuDin ♡Where stories live. Discover now