"26"

77.1K 10.1K 1.1K
                                    

Zawgyi ❤️

မျက်စိရှေ့က အလှပန်းအိုးကို မမှိတ်မသုန်ကြည့်နေရင်းမှ အခုလေးတင် ကြားလိုက်ရသော စကားသံတို့က နားထဲ တဝဲလည်လည်။

ထက်မြက်ပြီး မာနကြီးလှပါချည်ရဲ့ဆိုတဲ့ သူ့သားဟာ ကောင်လေးတစ်ယောက်ကို တစ်နှစ်ကျော်ကျော်လောက် လိုက်နေခဲ့သတဲ့။

ဒီကြားထဲ ဘယ်သူနဲ့မှလည်းမရှုပ်ဘဲ အဲဒီကောင်လေးကိုပဲ တကယ်ချစ်ပုံရတယ်တဲ့လား။

"မဖြစ်နိုင်လိုက်တာ"ဆိုပြီး လှောင်ပြုံး ပြုံးလိုက်ချင်သော်လည်း ထိုကောင်လေးအတွက်နဲ့ သူ့အသက်တောင်တန်ဖိုးမထားခဲ့တာ ကိုယ့်မျက်မြင်။

"ဟား ဟား ဟား ဟား"

ခေါင်းကိုမော့လိုက်ပြီး အားရပါးရ အော်ရယ်မိသည်။

ဒီဇာတ်ကို ဆက်ပြီးကလိုက်စမ်း.. ထိန်ညီးသစ္စာ။

ငါ ပျော်ပျော်ကြီး စောင့်ကြည့်နေမယ်။

အဆုံးမှာ ဆယ်ကျော်သက်ရင်ခုန်သံလေးအဖြစ်နဲ့ ဇာတ်သိမ်းသွားတယ် ဆိုရင်တော့ ဝမ်းပန်းတသာနဲ့ လက်ခုပ်တီးပေးဖို့ ငါက ဝန်လေးနေမှာ မဟုတ်ဘူး။

ဒီလိုမဟုတ်ဘဲ တခြားဇာတ်သိမ်းမျိုးကို မင်းရွေးချယ်ခဲ့ရင် .......

တူညီတဲ့အမှားတစ်ခုကို ငါက နှစ်ခါအမှားခံလိမ့်မယ်လို့ တွေးထားရလောက်တဲ့ထိ
မင်း မရူးမိုက်စမ်းနဲ့ ထိန်ညီးသစ္စာ။

................💕

ဒုတိယနှစ် second semester တွင် WUTU၏ Student's Unionမှဦးဆောင်၍ tripတစ်ခုသွားရန် စီစဉ်သည်။Majorအလိုက် case studyများတွင် ကိုယ့်အဖွဲ့နှင့်ကိုယ်၊ကိုယ့်အုပ်စုနှင့်ကိုယ်သာ သွားရသော်လည်း ဤstudent's Unionမှစီစဉ်သော tripတွင်မူကား တစ်ကျောင်းလုံးရှိ ကျောင်းသား/သူများ လိုက်ပါခွင့်ရှိပေသည်။

"မောင်လေးတို့ လိုက်မယ်မလား"

WYTUSU၏ ဒုတိယဥက္ကဌဖြစ်သူ မကြည်နူးသဒ္ဓါက ခပ်ပြုံးပြုံးနှင့်ဆိုလာသည်။

"ဘယ်ကို သွားမှာလဲခင်ဗျ"

"အဓိကက ဂုတ်ထိပ်တံတားသွားမှာဆိုပေမယ့် အရမ်းကိုနာမည်ကြီးတဲ့'တိမ်ပင်လယ်'ကလည်း နောင်ချိုမှာရှိတော့ နှစ်နေရာစလုံးသွားရမှာ"

My DuDuDin ♡Where stories live. Discover now