"8"

96.1K 12.6K 657
                                    

Zawgyi

First term ဖြေပြီးတော့ ကျောင်းနှစ်လပိတ်သည်မို့ သာဒင်တို့ အိမ်မှာကောင်းကောင်းနှပ်နိုင်ပြီ။
ခုလည်း နှိုးစက်သံတဝီဝီကို နားထဲကြားနေရသည့်တိုင် အိပ်ရာထဲမှမထဘဲ ဇိမ်ခံမှိန်းနေလိုက်သည်။

"သာဒင်ရေ သားငယ်လေး မထသေးဘူးလားကွဲ့"

အမေက အခန်းထဲဝင်လာပြီး ဇိမ်ခံနေသောသူ့ကို ပြုံးကြည့်ရင်း ခေါင်းကို အသာပွတ်သည်။

"မွေးနေ့မှာ အပျင်းကြီးနေရင် ဘာလက်ဆောင်မှမပေးဘူးနော်"

အမေ့စကားသံကြောင့် အိပ်ချင်ယောင်ဆောင်နေသော သာဒင်က ပြူးပြူးပြဲပြဲနှင့် ချက်ချင်း ငုတ်တုတ်ထထိုင်လိုက်သည်။

"ဟာဗျာ အမေကလည်း..."

အမေ့ခါးကိုဖက်ပြီး ချွဲလိုက်တော့ အမေက ရယ်သည်။

"အမယ်လေး ဒီသားတစ်ယောက်တည်းရှိတာ.. မပေးစရာလား..သွား ကိုယ်လက်သန့်စင်ပြီး ဆင်းလာခဲ့..အမေ မုန့်ဟင်းခါး ချက်ထားတယ်"

"ဟုတ်ကဲ့ဗျ"

အမေ့ပါးကို ရွှတ်ခနဲ နမ်းကာ ရေချိုးခန်းသို့ ပြေးခဲ့သည်။

..................................

"သာဒင်ရေ သာဒင်"

"လာ လာ ထိုင်ကြ သားတို့ရေ..
သာဒင်က ခုမှမနည်းနိုးယူရတယ်.. ခဏစောင့်လိုက်ကြဦး..
ဒေါ်ဒေါ် မုန့်ဟင်းခါး ပြင်ပေးမယ်"

"ဟုတ်ကဲ့ပါခင်ဗျ"

ခေါင်းလေးညိတ်ပြီး ငြိမ်သက်စွာထိုင်နေကြသော ကောင်လေး၃ယောက်ကိုကြည့်ပြီး ဒေါ်ခင်လေးမြတ် ပြုံးမိသည်။

သားရဲ့အပေါင်းအသင်းက ဒီလို လိမ္မာယဉ်ကျေးတဲ့ကလေးတွေ ဖြစ်နေတာကြောင့်လည်း စိတ်ချရသည်။

"ဟော ပြောရင်းဆိုရင်း ကိုယ်တော်လေးက ဆင်းလာပါပြီတော်"

ရှပ်အင်္ကျီအဖြူလက်ရှည်လေးနှင့် ယောပုဆိုးအနီရောင်လေး ဝတ်ထားသော လွန်းမြတ်သာဒင်က ခုမှ ၁၆နှစ်အရွယ် ကောင်ငယ်လေးလို။

"မင်းတို့က ဘယ်တုန်းကရောက်တာလဲ"

"ခုလေးတင်ပဲ"

"အေး စားပြီးရင် မိဘမဲ့ဂေဟာသွားမယ်နော်"

"အေးပါ သိပါတယ်ဟ"

My DuDuDin ♡Where stories live. Discover now