"6"

102K 13.3K 1K
                                    

Zawgyi

"မင်္ဂလာပါ ညီလေး၊ညီမလေးတို့"

"မင်္ဂလာပါ"

"အစ်ကိုတို့က WYTUရဲ့ activity club တွေထဲက တစ်ခုဖြစ်တဲ့ hiking & mountaineering club ဖြစ်ပါတယ်..ပထမဆုံးအနေနဲ့ အစ်ကိုတို့ clubကနေ ပထမနှစ် ညီငယ်ညီမငယ်လေးတွေကို လှိုက်လှိုက်လှဲလှဲကို ကြိုဆိုပါတယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်"

"ဒီနေ့လာခဲ့ရတဲ့ အကြောင်းကတော့ အစ်ကိုတို့အနေနဲ့ ဒီ hiking & mountaineering club အကြောင်းကို မိတ်ဆက်ပေးရင်းနဲ့ tripတစ်ခုကို စီစဉ်ထားတဲ့အကြောင်းကိုပါ အသိပေးချင်လို့ပါ"

"WYTU Hiking Clubလို့  ဆိုပေမယ့် အခုအချိန်ထိ ကျောင်းအနေနဲ့သီးသန့်ထွက်တဲ့ ခရီးစဉ်မျိုးတော့မရှိသေးပါဘူး..သဘာဝခေါ်သံဖောင်ဒေးရှင်း(Invitation of Nature)က ဦးဆောင်စီစဉ်တဲ့ ခရီးစဉ်တွေမှာ ပါဝင်လိုက်ပါနေတာဖြစ်ပါတယ်"

"တောင်တက်ခရီးစဉ်တွေမှာ အကိုတို့က Soft,Medium, Trekking နဲ့ Razi ဆိုပြီး အလွယ်မှတ်ရအောင် အမျိုးအစား ၄ခု ခွဲထားပါတယ်..softက အပင်ပန်းမခံနိုင်သူတွေအတွက် သင့်တော်တဲ့ တောင်တက်ခရီးမျိုးပေါ့.. mediumကတော့ မြင့်မြင့်မားမားရှိတဲ့ တကယ့်တောင်မျိုးတွေကို တက်ရမှာပါ..trekking ကကျတော့ မိုင် ၅၀/၆၀လောက်ထိတောင် လျှောက်ရတဲ့ long range အမျိုးအစားဖြစ်ပါတယ်.. နောက်ဆုံးတစ်ခုဖြစ်တဲ့ Razi ကတော့ ရေခဲတောင် / နှင်းတောင်တွေကို တက်ရတာဖြစ်တဲ့အတွက် ပင်ပန်းမယ့် ခရီးစဉ်မျိုးပါ "

အားလုံးက ငြိမ်သက်စွာ နားထောင်နေကြသည်။

"First term ကလည်း  မကြာခင် ရောက်လာတော့မှာဆို‌တော့ ပထမနှစ်ဝက်စာမေးပွဲကြီး မဖြေခင် အမှတ်တရလေးဖြစ်အောင် tripလေးတစ်ခုသွားဖို့စီစဉ်ထားပါတယ်..ညီလေး၊ညီမလေးတို့အတွက်  ဒီကကျောင်းသူ/သားတွေအနေနဲ့ ပထမဆုံးအကြိမ်သွားရမယ့် ခရီးစဉ်ဖြစ်တာကြောင့် အမှတ်တရကောင်းတွေ အများကြီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..လိုက်မယ်ဆိုရင် ခုကတည်းက စာရင်းပေးလို့ရပါပြီ"

ထိုစကားသံအဆုံး လှုပ်လှုပ်ရွရွ ဖြစ်လာကြသော ပထမနှစ်ကျောင်းသား/သူလေးများမှာ လိုက်မယ်၊မလိုက်ဘူး ငြင်းခုန်ကြရင်း အနည်းငယ်ဆူညံလာ‌တော့သည်။

My DuDuDin ♡Where stories live. Discover now