"3"

121K 13.8K 1.3K
                                    

Zawgyi

ထိန်ညီးသစ္စာဟူသော အချေလူသားသည်ကား ဒုတိယနှစ်Civil majorမှ kingဖြစ်သည်။ သင်သည် ကျောင်း canteenသို့ နာရီအနည်းငယ်မျှလောက်သာ ဝင်ထိုင်မိစေကာမူ သူ့အကြောင်းကို နားပင်မဆံ့သည်အထိ ကြားရပေလိမ့်မည်။

"ဟဲ့ နင် 2nd year civilက kingကို သိတယ်မလား"

"အေး သိတယ်လေ.. ဒီလောက်ချောတဲ့kingကို မသိစရာလားဟဲ့"

"ဒါနဲ့ ငါသိချင်တာရှိသေးတယ်.. သူက အရင်နှစ်က the whole kingထက်တောင် မိုက်နေတာကို ဘာလို့ major kingပဲ ဖြစ်နေတာလဲ"

"ရှူး တိုးတိုးပြော ငါပြောပြမယ်..ဒီလိုဟ..သူက သူတို့civil welcome တုန်းကတောင် မလွဲမရှောင်သာလို့ king ဖြစ်လာရတာဆိုပဲ..သူ့ကို The whole welcome မှာ campus king သေချာပေါက်ရမယ်မှန်းသိလို့ Civilက ဆရာ/မတွေရော ECတွေရောက major king ဖြစ်အောင် မနည်းတောင်းပန်ပြီး လုပ်ထားရတာတဲ့..အဲဒါကို သူက The whole welcome ကို လုံးဝမလာတော့ Architecture(ဗိသုကာဘာသာရပ်)က kingက the whole king ဖြစ်သွားရောတဲ့"

"ဟယ် နာမည်မကြီးချင်တာ နေမယ်နော်..သူ့ကြည့်ရတာ ဘယ်သူနဲ့မှလည်း အဆက်အဆံသိပ်မလုပ်သလိုပဲ"

"ရင်းရင်းနှီးနှီး‌နေတဲ့သူငယ်ချင်းတစ်ယောက်တောင် မရှိဘူးတဲ့..သူ့ဟာသူတစ်ယောက်တည်း အေးဆေးနေတာ"

"သူပြုံးတာ ရယ်တာမျိုးကို သူ့အတန်းထဲကလူတွေတောင် မမြင်ဖူးဘူးဆိုပဲ..ဒေါသလည်းကြီးပြီး တစ်ခါတလေဆို ကြောက်ဖို့တောင်ကောင်းတယ်တဲ့"

"ဒီလောက် အေးဆေးပြီးကြောက်စရာကောင်းနေရင် ဘယ်ကောင်မလေးက ကြိုက်ရဲမှာလဲ"

"ဟဲ့ နင်မသိဘူးလား..major queenမှန်သမျှ သူနဲ့မကြိုက်ဖူးတာ တစ်ယောက်မှ မရှိဘူး"

"ဟင် ဒါဆို play boyကြီးပေါ့ "

"အေ အဲလိုပြောရမှာပဲ..ဒါပေမဲ့ တစ်ယောက်ကို နှစ်ပတ်ထက်ပိုမတွဲဘူး..ပြီးတော့ နမ်းဖို့မပြောနဲ့ လက်ကိုင်တာမျိုးတောင်မရှိဘူးတဲ့.. အေးတိအေးစက်နဲ့ သူ့စတိုင်လ်အတိုင်းပဲနေတာ"

ဤသို့ ဤသို့ ထူးဆန်းသောသူ ဖြစ်နေခြင်းကြောင့် ပျိုမဒီများအကြား ရေပန်းစားခြင်း ဖြစ်သည်။

My DuDuDin ♡Where stories live. Discover now