"5"

99.2K 13.5K 2.1K
                                    

Zawgyi

"သွားလေ သွား"

"ငါ..ငါ...မသွားရဲဘူး"

"ဘာ မသွားလို့ရမလားကွ.. မင်းကိုယဉ်ကျေးမှုမရှိတဲ့ကောင် လို့ ထင်သွားမှာပေါ့..သွား အမြန်သွားပြီးတောင်းပန်လိုက်"

ဟိုတစ်ခေါက်ကတောင် ပြောချသွားလိုက်တာများ။ ယခုဆို ပိုဆိုးမည်မှာ ဗေဒင်ပြေးကြည့်စရာတောင်မလို။

ရှိသမျှ ဘုရားအကုန်ကယ်ပါ။

ရှိသမျှသတ္တိတို့ကို ဖျစ်ညှစ်ထုတ်၍ ဘုကလန့်လူ့ဂွစာသမားရှေ့သို့ ရောက်အောင်သွားရသည်။

"ဟို ကျွန်တော်တောင်းပန်ပါတယ်ဗျ.. မမြင်လိုက်လို့ပါဗျ.. တမင်တကာလည်းမဟုတ်ပါဘူး.. ရည်ရွယ်ထားတာလည်းမဟုတ်ပါဘူး.. ရန်ငြိုးထားပြီးလုပ်တာလည်းမဟုတ်ပါဘူး..
စိတ်...."

"ရပြီ"

ထိန်ညီးသစ္စာ သူ့ရှေ့က တောင်းပန်စကားကို စာစီစာကုံးလိုဖတ်နေသော ကောင်လေးကို မမှိတ်မသုန်ကြည့်ပြီး ပြောလိုက်သည်။

အင်္ကျီအဖြူပေါ် ထပ်၍ဝတ်ထားသော အဝါရောင် ရှပ်ကွက်လက်ရှည်အပါးလေးသည် အောက်က ပုဆိုးနက်ပြာရောင်နှင့် လားလားမျှ မအပ်စပ်သော်လည်း ဒီကောင်လေးမို့လို့ ကြည့်ကောင်းနေသယောင်ယောင်။

ဖြူဖွေးသော အသားအရည်က နေရောင်အောက်တွင် ရွှန်းစိုနေသည်။မကျဉ်းမကျယ်သောနဖူး၊ ခပ်ထူထူမျက်ခုံးမွှေးတို့နှင့် လိုက်ဖက်စွာ နှာတံလေးက‌လေးကလည်း စင်းလို့။

မျက်လုံးအိမ်ကျဉ်းသော ကောင်လေးသည် ရယ်လိုက်သောအခါ မျက်လုံးတောင်ပျောက်မတတ် ဖြစ်နေမှာသေချာသည်။ မထူမပါးနှုတ်ခမ်းတို့ကတော့ သူ့သခင်အလိုတော်ကျ အနည်းငယ် တုန်နေသလိုလို။

ဟက် ဒီကောင်လေး သူ့ကိုကြောက်နေသည်ပဲ။

"ပထမတစ်ခါ လက်၊ ခုတစ်ခါ ခေါင်း
ငါ့ဘဝမှာ သုံးကြိမ်ခွင့်လွှတ်ပေးရိုး ထုံးစံမရှိဘူး..ဒီတော့ နောက်တစ်ခေါက်သာ ငါနဲ့လာငြိမယ်ဆို မင်းကို ဒီတိုင်းမထားတော့ဘူး နားလည်လား"

"ဟုတ်..ဟုတ်ကဲ့ဗျ "

တုန်တုန်ရီရီစကားသံအဆုံး သူလှည့်ထွက်ခဲ့သည်။

My DuDuDin ♡Where stories live. Discover now