"38"

61.2K 7.3K 676
                                    

Zawgyi ❤️

မျက်စိရှေ့တွင် ဂန္ဓမာဖြူဖြူတို့က ဖွေးဖွေးလှုပ်လျက်။

လှပသော အဖြူရောင်ပန်းခင်းကြီးအလယ်တွင် ကလေးတစ်ယောက်နှယ် ပျော်ရွှင်မြူးထူးနေသည့် ကောင်ငယ်လေးကို မြတ်နိုးစွာငေးမောနေသည့် ကောင်လေးတစ်ယောက်လည်းရှိသည်။

"ကျွန်တော်တို့စိုက်ခဲ့တဲ့ ပန်းလေးတွေပွင့်ပြီဗျ..တအားလှတာပဲဗျာ"

အံ့ဩဟန်စွက်နေသည့် စကားသံတိုးတိုးကိုကြားတော့ ထိန်ညီးက သဘောတကျပြုံးသည်။

"သဘောကျလား"

"ဟုတ်ကဲ့ဗျ"

"မင်းသဘောကျရင် ရပြီ"

မျက်နှာပေါ် ကြည်နူးရိပ်ကလေးဖြတ်ပြေးသွားသောကောင်ကလေးက ပန်းခင်းအလယ်တွင် ပန်းပွင့်များနှင့်အလုပ်ရှုပ်နေရာမှ သူ့ကို လက်ယပ်ခေါ်သည်။

"ဒီပန်းလေးတွေအကြောင်း သိလားဗျ"

"အင်း"

"ကျွန်တော့်ကို ပြောပြပါလား"

"အဲဒါမပြောခင် မင်းကိုထူးခြားတဲ့ကိစ္စတစ်ခု အရင်ပြောပြမယ်"

ကောင်လေးက စိတ်ဝင်တစားဖြင့် သူ့ကိုမော့ကြည့်လာသည်။

"ပုံမှန်ဆို နှလုံးခုန်ရင် ဒုတ် ဒုတ် ဆိုပြီး အသံထွက်တာမလား"

"ဟုတ်တယ်ဗျ"

"ငါ့နှလုံးခုန်သံက ဒင် ဒင် ဆိုပြီး မြည်နေတယ်"

ကောင်လေး၏မျက်လုံးကျဉ်းကျဉ်းလေးများက ဝိုင်းဝိုင်းကလေးဖြစ်သွားသည်။မထူမပါးနှုတ်ခမ်းတို့ကလည်း အံ့ဩမှုကြောင့် အနည်းငယ်ဟတတ။

"တကယ်ကြီးလားဗျ"

"မယုံရင် နားထောင်ကြည့်မလား"

"ဟုတ်"

အနားကပ်လာသည့် ကောင်လေးကို ထိန်ညီးက လက်ဆန့်တန်း၍ ကြိုဆိုသည်။

မရဲတရဲနှင့် ရင်ခွင်ထဲရောက်လာပြီး နှလုံးသားရှိရာကို နားအပ်လာသော ကောင်ငယ်လေးကြောင့် အသည်းတယားယားဖြစ်ရပြန်သည်။

ဘယ်လောက်တောင် ရိုးသားဖြူစင်လိုက်တဲ့ ကောင်ကလေးပါလိမ့်။

My DuDuDin ♡Where stories live. Discover now