"39"

61.2K 7.5K 1.2K
                                    

Zawgyi ❤️

အချိန်တွေက အကုန်မြန်လွန်းလှသည်။

ဒူဒူစကွက်သည်ပင် 5th yearမှ စီနီယာကိုကိုကြီးများဖြစ်လာခဲ့ကြပြီဖြစ်ပြီး ထိန်ညီးကတော့ final yearသို့ ရောက်ပြီဖြစ်သည်။

ဒူဒူစကွက်က ယခုထက်တိုင် တစ်ကျောင်းလုံး၏အချစ်တော်လေးဖြစ်နေဆဲဖြစ်သလို ထိန်ညီးသစ္စာသည်လည်း တစ်ရှိန်ထိုးနာမည်ကြီးနေဆဲ။

နိုင်လွန်တစ်ယောက်သည်လည်း မခူးဆွတ်နိုင်သေးသော မေတ္တာပန်းကို ဇွဲဆုရရန် အပြင်းအထန် ကြိုးပမ်းအားထုတ်နေဆဲ။

"အေးချမ်းလေး"

စာအုပ်ကို စိတ်ဝင်တစားဖတ်နေသော တရားသမားလေးက ခါတိုင်းနှင့်မတူဘဲ တည်ငြိမ်နေသော နိုင်လွန့်အသံကြောင့် မော့ကြည့်လာသည်။

"ဟုတ်ကဲ့"

"အေးချမ်းလေးကို ကိုယ်ချစ်ခဲ့တာ ၄နှစ်တောင်ကျော်ခဲ့ပြီနော်..ကိုယ့်ကြောင့် အများကြီးစိတ်ရှုပ်ခဲ့ရမှန်းသိပါတယ်..ဒါပေမယ့်...."

နိုင်လွန်က ပြောလက်စကိုရပ်၍ မျက်ဝန်းဆွေးဆွေးတို့ဖြင့် အဝေးကိုငေးသည်။

"ဒီနေ့ နောက်ဆုံးပါပဲ"

"........"

"ဒီနေ့ပြီးတာနဲ့ ကိုယ်မင်းကို လက်လွှတ်ပေးလိုက်ပါတော့မယ်"

ငြိမ်ပြီးနားထောင်နေသော တရားသမား၏မျက်ခုံးတို့က အလိုမကျသလို ကျုံ့ကျုံ့လေးဖြစ်သွားသည်။

"ခင်ဗျားက နောက်တစ်ယောက်တွေ့သွားလို့လား"

"အဲဒါတွေ ကိုယ်မပြောတော့ပါဘူး.. ခုက အေးချမ်းလေးပျော်ရအောင် ကိုယ်အသိလာပေးတာပါ"

တရားသမားက ဖတ်လက်စစာအုပ်ကို စားပွဲပေါ်ကို ဝုန်းခနဲပစ်ချလိုက်သည်။

"ချစ်တီး မင်းက ဘာလို့ ငါ့လက်ဖက်ရည်ကို ယူသောက်ရတာလဲ"

"ဟင်"

တစ်ကျိုက်တောင် မသောက်ရသေးသော လက်ဖက်ရည်ခွက်လေးကိုကိုင်ထားရင်း ချစ်တီးက လက်တွေတောင်တုန်သွားသည်။

ခါတိုင်းဆို တစ်ခွက်လုံးယူသောက်ရင်တောင် အပြုံးမပျက်သည့်သူက အခုဘာဖြစ်တာပါလိမ့်။

My DuDuDin ♡Where stories live. Discover now