"30"

71.7K 9.2K 1.1K
                                    

Zawgyi ❤️

"ကဲ လူစုံရင် ကားထွက်မယ်ဟေ့"

လူများစုံမစုံ စီစစ်ပြီးသောအခါ သူတို့အားလုံးကို သယ်ဆောင်လာသောကားကြီးသည် လွမ်းမောတမ်းတဖွယ်ကောင်းသော ရှမ်းပြည်နယ်ကြီးကို ကျောခိုင်းနှုတ်ဆက်ခဲ့ရပြီဖြစ်သည်။

ကျောင်းသူ/သားများသည် အလာတုန်းကနှင့် ကွဲပြားခြားနားစွာ တက်တက်ကြွကြွမရှိဘဲ နှုတ်ဆိတ်လျက် ငြိမ်ငြိမ်လေးသာ လိုက်ပါလာကြသည်။

ရက်ပိုင်းလေးသာ ခြေချခွင့်ရလိုက်သော ချယ်ရီတို့စံမြန်းရာမြေသည် သူတို့အားလုံးအတွက် မမေ့ရက်နိုင်ဖွယ်အမှတ်တရများနှင့် ပျော်ရွှင်စရာအခိုက်အတန့်တို့ကို ဆောင်ကြဉ်းပေးခြင်းဖြင့် ဧည့်ဝတ်ကျေပွန်ခဲ့ရှာသည်။

နှုတ်ဆက်ပါသည် မောတို့ပြည်။
အခါအခွင့်ကြုံလျှင် တစ်ခါတစ်ခေါက်တော့ အရောက်လှမ်းခဲ့ပါဦးမည်။

"သာဒင်"

သူ့ထိုင်ခုံကိုမှီလျက် မျက်စိလေးမှိတ်ကာမှိန်းနေသော သာဒင့်ဘေးနားတွင် ခြေစုံရပ်လိုက်ပြီး နိုင်လွန်က တိုးတိုးလေးခေါ်သည်။

"ဟုတ်ကဲ့ဗျ"

နိုင်လွန်က ပါးစပ်ပေါ်လက်ညှိုးတင်လျက် သာဒင့်နံဘေးခုံတွင် အိပ်ပျော်နေသော တရားသမားလေးကို မေးဆတ်ပြပြီး "ရှူး တိုးတိုး"ဟုဆိုသည်။

"ငါနဲ့ထိုင်ခုံလဲပေးပါလား"

"ဘာဖြစ်လို့လဲဗျ"

"ကားနောက်မှာဆို မူးလို့..နေရာလဲပေးပါလား နော်"

"ဒါဆို ကျွန်တော်က ဘယ်မှာသွားထိုင်ရမှာလဲဗျ"

နိုင်လွန်က ကားနောက်ပိုင်းရှိ သူ့နေရာကို မေးဆတ်ပြသည်။

"ကိုထိန်ညီးဘေးက ငါ့နေရာမှာသွားထိုင်လိုက်"

"ဗျာ....."

သာဒင်ခမျာ နိုင်လွန်ကိုလည်းအားနာ၊ နေရာကလည်း လဲမပေးချင်သဖြင့် ခေါင်းလေးကုတ်ပြီး ဆုံးဖြတ်ရခက်နေရှာသည်။

"အား မူးတယ် မူးလိုက်တာ..ဝေါ့ အော့"

ရုတ်တရက်ကြီး ခေါင်းကိုဖိလျက် ကားကြမ်းပြင်အောက် ခွေကျပြီးပစ်လဲတော့မတတ်ဖြစ်ပြနေသော အမောင်နိုင်လွန်ကြောင့် သာဒင်မှာ ဘာမှမတတ်နိုင်ရှာတော့ဘဲ နေရာလဲပေးရန်သာ သဘောတူလိုက်ရတော့သည်။

My DuDuDin ♡Where stories live. Discover now