ကျေးဇူးတင်လွှာ💚[ကျေးဇူးတင်လွှာ💚]

35.6K 4.1K 328
                                    

8လပိုင်း11ရက်နေ့မှာ ရင်ခုန်ခြင်းများစွာနဲ့စတင်ဖန်တီးခဲ့ရတဲ့ My DuDuDin လေးဟာ လေးလနီးပါးအချိန်ယူပြီးနောက်မှာတော့ ကောင်းကောင်းမွန်မွန်နဲ့အဆုံးသတ်ခဲ့ပါပြီ၊၊

ဒီ fiction ဟာ အဆုရဲ့ first creation ဖြစ်တာကြောင့် တကယ်ကို မလွယ်ကူခဲ့ပါဘူး ၊၊publishလုပ်ဖို့ ၊ zawgyiရော uni ရော နှစ်မျိုးလုံးဖတ်နိုင်ဖို့ မေးရင်းစမ်းရင်း လိုက်ရှာရင်း အချိန်တွေယူခဲ့ရပါတယ် ၊၊တစ်ခါမှမလုပ်ဖူးတော့ဘာမှမသိပါဘူး၊၊ ပြီးတော့ အဆုဟာ WYTUမှာတက်နေတဲ့ ကျောင်းသူတစ်ယောက် လုံးဝလုံးဝမဟုတ်ပါဘူး ၊၊ရန်ကုန်ကလဲမဟုတ်တဲ့အတွက် အဲ့ကျောင်းကြီးကို မြင်တောင်မမြင်ဖူးပါဘူး ၊၊နည်းနည်းလေးမှမရင်းနှီးဘူးလို့ ဆိုကြပါစို့၊၊ ဒါဆို ဘာလို့ WYTUကိုရေးဖြစ်ခဲ့တာလဲဆိုတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အကြံဥာဏ်ပေးမှုကြောင့်ပါ ၊၊ သူက "နင် uni life ရေးချင်ရင် ဒါရေးပါလား အဲ့မှာ တက်နေတဲ့ ငါ့သူငယ်ချင်းနဲ့ ချိတ်ပေးမယ် မေးပြီးရေးကြည့်ပေါ့ "ဆိုပြီး မိတ်ဆက်ပေးခဲ့ပါတယ် ၊၊သူချိတ်ပေးတဲ့အကိုကို အများကြီးမေးခဲ့ရသလို အဆုဘာသာလဲ အချိန်တွေအများကြီးပေးပြီး ရှာဖွေခဲ့ရပါတယ်၊၊ အဲ့ဒီအကိုကလဲ အလုပ်များတာမို့ မေးမြန်းဖို့ကို တော်တော်ကြီးအားနာခဲ့ရတယ်၊၊ အဆုမရင်းနှီးတဲ့ပတ်ဝန်းကျင်မို့ စာဖတ်သူတွေကို အမှားတွေဝေမျှမိမှာ အင်မတန်ကြောက်ခဲ့ရပါတယ် ၊၊ဖိအားတွေအများကြီးနဲ့ ရင်တထိတ်ထိတ်ရေးခဲ့ရတာပါ ၊၊

မှားမှာကြောက်တာရော ကျောင်းအခြေအနေကိုအသေးစိတ်မသိနိုင်တာရောကြောင့် စုံစုံလင်လင်နဲ့ဗဟုသုတတွေအများကြီးရအောင် မရေးပေးနိုင်ခဲ့တဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ် ၊၊ အဆုတတ်နိုင်သလောက်တော့ အကုန်ရှာဖွေပြီးရေးပေးခဲ့ပါတယ် ၊၊ အဆုစာကို ဖတ်တဲ့သူတိုင်း နည်းနည်းပဲ ဖြစ်ဖြစ် စိတ်ပေါ့ပါးပျော်ရွှင်စေဖို့ ကြိုးစားပြီးရေးခဲ့ပါတယ်၊၊ပျော်ခဲ့ကြမယ်လို့လဲ ထင်ပါတယ် ၊၊

အဆုရဲ့ပထမဆုံးဖန်တီးမှုကို အများကြီးသဘောကျပေးကြပြီး အဆုံးထိ အတူလိုက်လာပေးခဲ့ကြတဲ့ စာဖတ်သူများအားလုံးကို ရင်ထဲ အသည်းထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်၊၊ခရီးရှည်ကြီးတစ်ခုကို စိတ်ရှည်လက်ရှည်နဲ့ လိုက်ပေးခဲ့လို့ အများကြီး ပင်ပန်းသွားကြပါပြီ၊၊ချစ်ပေးကြတဲ့သူတွေရဲ့ ကမ်းလက်တွေကြောင့် အဆုစာဆက်ရေးဖို့ အားတွေအများကြီးရခဲ့ပါတယ်၊၊အပိုင်းတိုင်းမှာ ချန်ခဲ့ကြတဲ့ feedback ကလေးတွေအတွက် ထပ်ပြီးကျေးဇူးပါ၊၊reply မပြန်ပေမဲ့ အဆုက တစ်ယောက်မကျန် အကုန်မှတ်မိနေပါတယ်လို့ ၊၊

My DuDuDin ♡Where stories live. Discover now