Embracing the Sunshine ( Extra Story_ Part 1 )

30.4K 2.6K 870
                                    

This extra story is for the couple { Chit Tee & Alex }.

Unicode

"Shine"
Construction -
Interior Design& Decoration Group

ခေတ်မီဆန်းသစ်၍ ကြီးမားထည်ဝါလှသော ကုမ္ပဏီအဆောက်အဦးကြီးတစ်ခုအတွင်း၌ များပြားလှစွာသော ကုမ္ပဏီဝန်ထမ်းတို့သည် ခါတိုင်းနေ့ရက်များကဲ့သို့ပင် မိမိတို့၏အလုပ်တာဝန်ကို ကျေပွန်စွာလုပ်ဆောင်ကြရင်း တက်ကြွစွာ လှုပ်ရှားသွားလာလျက်ရှိကြသည်။

အဖြူနှင့်ခရမ်းရင့်ကို အပေါ်အောက်တွဲစပ်ထားသော company uniformက လှပတောက်ပြောင်၍ ကြော့ရှင်းသပ်ရပ်စွာ။ ခရမ်းရင့်ရောင်ကြိုးပြားကြီးကြီးနှင့် တွဲစပ်ထားသော employee ID cardများကလည်း ရှင်းသန့်နေသည့် ရှပ်အင်္ကျီဖြူဖြူများပေါ်တွင် အထာကျကျ စမတ်ကျကျ။

"မင်္ဂလာနေ့လယ်ခင်းပါ GM"

Third floorရှိ Legal departmentတွင် ကိုယ်စီအလုပ်များနေကြသော ဝန်ထမ်းများက အနီးအနားသို့ရောက်လာသည့် တစ်စုံတစ်ယောက်ကိုမြင်တော့ ပျာပျာသလဲဖြင့် ဝိုင်းနှုတ်ဆက်ကြသည်။

နှစ်လိုဖွယ်ဥပဓိရုပ်နှင့် ရွှေရောင်မျက်မှန်ကိုင်းကို ခံ့ညားစွာတပ်ဆင်ထားသည့်ထိုလူက ဤကုမ္ပဏီ၏ general managerပင်ဖြစ်၏။ သိမ်မွေ့သောစိတ်သဘောနှင့် ယဥ်ကျေးစွာလုပ်ဆောင်လေ့ရှိသော အပြုအမူများကြောင့် mannerကောင်းလှသူတစ်ယောက်ဖြစ်သော်လည်း အလုပ်နှင့်ပတ်သက်လာလျှင်မူ စည်းကမ်းကြီးလွန်းလှ၍ ဝန်ထမ်းများ၏ Noticeစာရင်းတွင် ခေါင်းကြီးပိုင်းမှ ဦးဆောင်နေသူတစ်ဦးလည်းဖြစ်သည်။

"မင်္ဂလာပါ မင်္ဂလာပါ အားလုံးအဆင်ပြေပြေ ရှိနေကြရဲ့လား"

နွေးထွေးသောအပြုံးကြောင့် အားလုံးက လန်းဆန်းသွားကြရင်း အပြုံးများကိုယ်စီဖြင့် အလုအယက်ပြန်ဖြေသံများက ပေါ့ပါးကြည်ရွှင်နေသော ရယ်မောသံများအကြားတွင် ထွင်းဖောက်ထွက်ပေါ်လာကြသည်။

"အေး ကောင်းကောင်းလုပ်ကြ ကောင်းကောင်းလုပ်ကြ..မင်းတို့ကို Bossက သိပ်ဂရုစိုက်တာနော်..ဒီနေ့တောင် canteenမှာ menuအသစ်တစ်ခု ထပ်တိုးလာပြန်ပြီဆိုပဲ"

My DuDuDin ♡Where stories live. Discover now