Embracing the Sunshine ( Extra Story_ Part 5 ) { Final }

27.5K 1.7K 743
                                    

Unicode

မီးရောင်တွေလက်လက်လက်လက်ထနေသော NYC Night Barတစ်ခုအတွင်း၌ မြူးကြွကြွDJသံတို့က ညက်ညက်ညောညောစီးဆင်းနေသည်။ 'The City That Never Sleeps' ဟူသည့် nicknameအတိုင်း New Yorkသည် ညအမှောင်တို့၏အောက်ခြေ၌ပင် တက်ကြွစွာ လူးလွန့်လှုပ်ရှားနေဆဲ။

ယမကာပုလင်းများ အစီအရီပြည့်ကျပ်နေသော လေးထောင့်ပုံစံBar Shelfကြီးသုံးခု၏ရှေ့၌ ဆွဲဆောင်မှုရှိလှသောအပြုံးချိုချိုတို့နှင့် ထောင်ထောင်မောင်းမောင်းရှိသော bartenderတစ်ဦးသည် စွဲမက်ဖွယ် အဖျော်ယမကာမျိုးစုံကို ကျွမ်းကျင်စွာ ရောနှောဖျော်စပ်ပေးနေလျက်ရှိသည်။

"အိမ်မှာဘာလို့မသောက်တာလဲ အစ်ကိုလေး"

Bar counterရှေ့ အလယ်နေရာတည့်တည့်တွင် တိတ်ဆိတ်စွာထိုင်နေကြသူနှစ်ဦးအနက် အသားအရေနီစပ်စပ်ရှိသော အင်္ဂလိပ်-မြန်မာ ကပြား မျက်လုံးကျယ်ကျယ် ပိန်သွယ်သွယ်ကောင်လေးထံမှ မရဲတရဲထွက်လာသည့် အမေးစကား။

Alexက လက်ထဲမှ အပြင်းစား Rum cocktailခွက်ကို ဟိုလှည့်သည်လှည့်ဖြင့် စောင်းငှဲ့လှုပ်ခါနေရင်းမှ တစ်ရှိန်ထိုးမော့ချပစ်လိုက်ကာ ခွက်အလွတ်ကို bar counterပေါ်သို့ ခပ်အေးအေးပြန်ချသည်။

"ကိုကိုက မကြိုက်ဘူး"

Dark blueရောင်ရှပ်လက်ရှည်ကို တံတောင်ဆစ်နားအထိ ဖြစ်သလိုလက်ခေါက်တင်ထားသောAlexက မီးရောင်အောက်တွင် လူအများကြားထဲ ထင်းလင်းနေသည်။ ကြယ်သီးသုံးလုံးဖြုတ်ချထားခြင်းကြောင့် တိတိပပပေါ်ထွက်နေသည့် တောင့်တင်းသည့်ရင်ဘတ်ကြွက်သားများ၏ဆွဲငင်မှုအောက်တွင် barတစ်ခုလုံးရှိ လေဒီပျိုမဒီများက အတုံးအရုံး။

အရိုင်းဆန်စွာဆွဲဆောင်မှုရှိသော ထိုအမျိုးသားသည် bar counterတွင် Whiskey, vodkaမျိုးစုံကို တစ်ခွက်ပြီးတစ်ခွက်ထိုင်သောက်နေသော်လည်း မဒီများအကြည့်လွှတ်နေသော dance floorဆီသို့မူ မျက်စောင်းတစ်ချက်တောင် ထိုးမလာခဲ့။

တည်တင်းခက်ထန်နေသောမျက်နှာထားပြင်းပြင်းကြောင့် ရှော်တီလေးများကလည်း အနားကပ်ရမှာကို အနည်းငယ်ရှိန်နေကြသည့်ပုံပါပင်။

"Can I have a Manhattan, please?"

ရင်းနှီးသည့်လေသံကြောင့် Alexက ဘေးတစ်ဖက်တွင် လာရပ်သည့်သူကို တစ်ချက်စောင်းငဲ့ကြည့်သည်။

You've reached the end of published parts.

⏰ Last updated: Dec 26, 2023 ⏰

Add this story to your Library to get notified about new parts!

My DuDuDin ♡Where stories live. Discover now