"27"

77.5K 9.4K 747
                                    

Zawgyi ❤️

နေမင်းရောင်ခြည်ပျောက်၍ လမင်းစန္ဒာက အရောင်တောက်လာချိန်တွင် မီးပုံပွဲကျင်းပရာနေရာ၌ လူအတော်အတန် စည်ကားနေပြီဖြစ်သည်။

တချို့က မီးဖိုနေကြပြီး တချို့က sound boxအသေးစားလေးများကို နေရာချနေကြသည်။တချို့ကလည်း ဝိုင်းဖွဲ့ထိုင်ကာ စကားတွေဖောင်ဖွဲ့လျက် တဟီးဟီးတဟားဟားဖြင့် အူမြူးလျက်ရှိသည်။ကြည်နူးသဒ္ဓါနှင့်မိန်းကလေးတစ်စုတို့က မီးပုံပွဲတွင် ပြုလုပ်မည့်ကဏ္ဍအသီးသီးနှင့် ဆော့ရမည့်gameများကို ငြင်းရင်းခုန်ရင်းဖြင့် အစီအစဉ်ရေးဆွဲနေကြပြီး ကိုမျိုးဆက် ဦးဆောင်သော ယောက်ျားလေးများက ရောင်စုံမီးလုံးလေးများဖြင့် အလှဆင်ထားသော ယာယီstage အသေးလေးတစ်ခုကို ချစ်စဖွယ်ကောင်းအောင် ပြင်ဆင်နေလျက်ရှိသည်။

ည၉နာရီခွဲပြီးသောအခါ အားလုံးပြီးစီးသွားပြီဖြစ်သည်။အားလုံးကို နေရာတကျစီစဉ်ပြီးသောအခါ မီးပုံပတ်လည်တွင် ကျောင်းသား/သူများက ပျော်ပျော်ပါးပါးဖြင့် ဝိုင်းထိုင်လိုက်ကြသည်။

"ဒီနေ့ပွဲကို ကိုမျိုးဆက်နဲ့ဒါဒါက ဦးဆောင်ပြီး အားလုံးပျော်ရအောင် gameလေးတွေ စီစဉ်ထားပါတယ်..ဂိမ်းတွေဆော့တဲ့အခါ မရှက်မကြောက်ဘဲ တက်တက်ကြွကြွနဲ့ အားလုံးပါဝင်ပေးကြဖို့ ဒါဒါက မေတ္တာရပ်ခံပါတယ်..ဒီပွဲလေးကနေ သူငယ်ချင်းအသစ်တွေအများကြီးတိုးသွားကြလိမ့်မယ်လို့လည်း ဒါဒါတို့ကယုံတယ်"

အားလုံးက ပြုံးစိစိ။

"ကဲ အချိန်လည်းလင့်နေပြီမို့လို့ အစီအစဉ်လေးတွေကို စလိုက်ကြရအောင်..gameဆော့တဲ့အခါ အရင်က မသိလို့၊မခင်လို့ဆိုပြီး ရှက်မနေကြပါနဲ့..အားလုံးက WYTUရဲ့ မိသားစုတွေ ညီအစ်ကိုမောင်နှမတွေချည်းပါပဲ..မဟုတ်ဘူးလား"

ကိုမျိုးဆက်၏ အားမာန်အပြည့်နှင့် အမေးစကားကို ရွတ်နောက်နောက် ကျောင်းသားအချို့က မိန်းကလေးများကို ဝေ့ကြည့်ရင်း"မဟုတ်ပါဘူး"ဟု သံပြိုင်အော်ဖြေကြသည်။

"အာ ဒီကောင်တွေတော့လား .."

စီးထားသည့်ဖိနပ်ကိုဆွဲချွတ်ပြီး ကောက်ပေါက်မည့်ဟန်ပြင်နေသော SUဥက္ကဌကြီးကြောင့် အဖြေ‌ကောင်းသောကျောင်းသားတစ်စုမှာ ထိုင်နေရာမှ ဝရုန်းသုန်းကားထပြေးကြရတော့သည်။မိန်းကလေးများ၏ "ကောင်းတယ်"ဟူသော အားပါးတရ ရေရွတ်သံများအဆုံးတွင် ရယ်သံများက သောသောညံသွားသည်။

My DuDuDin ♡Where stories live. Discover now