"20"

88.3K 10.4K 2.6K
                                    

Zawgyi ❤️

"နောက်လည်း လာခဲ့ကြပါဦး.. ဦးကြီးတို့က အမြဲကြိုဆိုနေမှာပါ "

ကားပေါ်တက်ကြတော့မည့် သူတို့ကို သူကြီးတို့မိသားစုက ဝိုင်းဝထိလိုက်ပို့ရင်း နှုတ်ဆက်စကားဆိုသည်။

"ဆက်ဆက်လာခဲ့ကြပါကွယ်..ကြီးတော် ဟင်းကောင်းကောင်းတွေအများကြီးချက်ကျွေးပါ့မယ် အဟင့် ရွတ်"

သားသမီးမရှိရှာသော သူကြီးကတော်က သူတို့ကို အတော့်ကို သံယောဇဉ်ဖြစ်နေဟန်ရှာတူသည်။လည်ပင်းတွင် ပတ်ထားသော ပုဆိုးစနှင့် မျက်ရည်ကြိတ်သုတ်နေရှာသည်။

"သြော် မရွှေခင့်နှယ်.. ကလေးတွေစိတ်မကောင်းဖြစ်အောင်"

သူကြီးက သူ့မိန်းမကို ပခုံးပုတ်၍ နှစ်သိမ့်သည်။

"ကဲ ထွန်းမြတ်ရေ..တို့တွေ နေမမြင့်ခင်ပြန်မှ တော်ကာကျမယ်.. မင်းတို့လည်း ကျန်းမာရေးဂရုစိုက်ကြ.. မရွှေခင်လည်း ဝမ်းနည်းမနေနဲ့ နောက်ကြုံဆုံရင် ဒီကလေးတွေကို ပြန်ခေါ်လာခဲ့မယ် ဟုတ်ပြီလား"

ကြီးတော်ရွှေခင်က မျက်ရည်လေးတစမ်းစမ်းနှင့် ခေါင်းညိတ်သည်။

"ကြီးတော် မငိုပါနဲ့..ကျွန်တော်တို့ အာဘွားပေးမယ်လေနော်"

လေးယောက်လုံးဝိုင်းဖက်ပြီး ပါးတစ်ဖက်စီကို ရွတ်ခနဲ ရွတ်ခနဲ နမ်းမွှေးကြတော့ ကြီးတော်ရွှေခင်တစ်ယောက် မျက်ရည်များကြားမှ ပြုံးရပြန်သည်။

"ချစ်စရာပိန်းဥလေးတွေပါတော်"

"ဟီးဟီး"

"ကဲ သွားကြမယ်ဟေ့..မောင်မျိုးမြင့်ရေ ဦးလေးတို့သွားမယ်နော်"

"ဟုတ်ကဲ့ခင်ဗျ.. လမ်းခရီးမှာဂရုစိုက်ကြပါ"

အဘတို့က နှုတ်ဆက်လက်ပြ၍ ရှေးဦးစွာ   ထွက်ခွာသွားသည်။ထိန်ညီးတို့ကလည်း အားလုံးကိုနှုတ်ဆက်၍ ကားပေါ်သို့ရောက်နေကြပြီဖြစ်သည်။

"အစ်ကိုမျိုးမြင့်ရေ..ကျွန်တော်တို့ ပြန်တော့မယ်ဗျ"

"ဟုတ်ပါပြီ လမ်းမှာဂရုစိုက်ကြဦး"

"ဟုတ်ကဲ့ဗျ..ဦးကြီးတို့ရေ ပြန်ပြီဗျ"

"အေးအေး"

My DuDuDin ♡Where stories live. Discover now