စာစဉ် ၂၇ (၁၇-၃၀)
2K 173 1
စာစဉ် ၂၇၊ အခန်း ၁၇။ ယူရှန်းနဲ့ ကျီအိုက်ရဲ့ကလေးလေး (7)
“ယူရှန်း .. ကျွန်မကို ရည်ရွယ်ချက်ရှိရှိကစားခဲ့တုန်းကရော ကျွန်မကို မမှတ်မိတော့တုန်းကရော ဖုန်းနံပါတ်အတုပေးခဲ့တုန်းကရော ရှင့်ကို အပြစ်မတင်ခဲ့ဖူးသလို အခုလည်းအပြစ်မတင်ဘူး တခြားသူတွေက ယောင်္ကျားတစ်ယောက်အတွက်နဲ့ အရှုံးသမားအဖြစ်ခံတယ်လို့ ကျွန်မကိုပြောကြတယ် ဒါပေမဲ့ ကျွန်မက ဂူယူရှန်းဆိုတဲ့ ယောင်္ကျားအတွက်ပဲ အရှုံးခံတာကို သူတို့မသိဘူး.....ကျွန်မကိုယ်တိုင်ကိုက ဂူယူရှန်းအတွက် အရှုံးသမား ဖြစ်ချင်နေတာမို့”
သူမသာအနားမှာရှိနေရင် ငိုနေတဲ့ သူမကို ရင်ခွင်ထဲထည့်ထားပြီး နှစ်သိမ့်ပေးလိမ့်မှာပေမဲ့ မိုင်ပေါင်းထောင်ချီ‌ဝေးလို့နေတာကြောင့် အခုချိန်မှာ ဂူယူရှန်းလုပ်ပေးနိုင်တာဘာမျှမရှိ ။
“ရှောင်အိုက် ကိုယ့်ကို သဘောကျလွန်းလို့ငိုတာကလွဲရင် တခြားကြောင့်နဲ့တော့မငိုစေချင်ဘူးကွာ”
ဂူယူရှန်းစကားကြောင့် ချင်းကျီအိုက် ငိုတာကိုရပ်လိုက်ပြီး...
“အရူးကြီး လူယုတ်မာကြီး”
ချင်းကျီအိုက် ရဲ့ မကျေနပ်သလိုလေသံလေးကြောင့် ဂူယူရှန်း ရုတ်တရက် အားတွေပင်ပြည့်သွားသလိုပင် ။
“လူယုတ်မာတဲ့လား ကိုယ်က ကိုယ့်မိန်းမကိုပဲယုတ်မာချင်တာ ဘယ်လိုလဲ ယုတ်မာတာကိုမြင်ချင်လား”
“ရှင်...”
ချင်းကျီအိုက် စကားလုံးတို့ပင် ပျောက်ရှသွားရပြီး ဂူယူရှန်းကတော့ သူမရှက်နေတာကို ဖုန်းထဲကနေ ကောင်းကောင်းကြီးခံစားနေပုံပါပင် .... ငယ်ငယ်တည်းက သူမရှက်အောင်အမြဲ လုပ်တတ်တဲ့ ဂူယူရှန်းက တကယ့်ကို လူဆိုးကောင်ပါလေ ....။
ဂူယူရှန်း နှုတ်ခမ်းထက် အပြုံးတို့ ဖြစ်တည်နေရင်းက တစ်ခုခုကို သတိရမိတာကြောင့် စကားပြန်စလိုက်တော့သည်။
“ရှောင်အိုက် ..ကိုယ်တို့ကစာချုပ်အရ လက်လည်းလက်ထပ်ပြီးပြီကို
ကိုယ့်ကို ‘ယောက်ျား’ လို့ ခေါ်သင့်ပြီမဟုတ်ဘူးလား...
ရှောင်အိုက် ‘ယောက်ျား’ လို့ခေါ်နော်”