ZawGyi
********
နေ့လည်စာစားချိန် တနည်းအားဖြင့် ကန်တင်း
ထိုင်ချိန်မှာပေါ့။ တိတ်ဆိတ်သောနေရာမှာ
တစ်ယောက်တည်း နေ့လည်စာစားနေခဲ့ပေမဲ့
မနက်ကအဖြစ်အပျက်ကိုသာတွေးနေမိခဲ့တယ်။
ဂျောင်ကု ဆိုတဲ့ကောင်လေးက အသိုင်းအဝိုင်း
ခပ်ကြီးကြီးကပဲဖြစ်ရမယ် ဘာလို့ဆို
ဂုဏ်အရှိန်အဝါကြီးလှတဲ့ မင်ဟိုရဲ့အဖေတောင်
ရိုရိုကျိုးကျိုးနဲ့ဆက်ဆံနေပုံရရင် တော်ရုံ
မိသားစုကလာတာတော့မဖြစ်လောက်ဘူး။"ဝုတ်…ဝုတ်…"
"ဟင်…"
ထမင်းကိုဟိုထိုးဆွဒီထိုးဆွလုပ်ပြီးစဉ်းစားရင်း
အောက်နားကခွေးသေးသေးလေး အသံ
လာပေးလေတော့ ကြည့်လိုက်မိသည်။"ဗိုက်ဆာနေတာလား…ဒီနေ့လည်းအကို့ရဲ့
ထမင်းကမင်းဗိုက်ထဲပဲရောက်သွားပြန်ပြီ
ကောင်းကောင်းစားနော်…"ကိုယ့်ထမင်းပန်းကန်ထဲကထမင်းတွေကော
ဟင်းတွေကောဆက်ပြီးစားချင်စိတ်လည်း
မရှိတော့သည်နှင့်အမြဲတမ်းလာတောင်းနေကြ
ဖြစ်သည့်ခွေးပေါက်လေးကိုသာချကျွေး
မိသည်။ကျောင်းတက်ချိန်ကလည်းလိုသေးတာနဲ့
ဟိုလျှောက်သွားဒီလျှောက်သွားနှင့်သွားမိသည်။
အခုမှသတိထားမိသည်က မနက်ကတည်းက
ဟိုကောင်လေးကိုမတွေ့တော့တာပဲ တခုခုများ
ဖြစ်နေတာလား ဟုတ်တော့မဟုတ်လောက်ပါဘူး။ဘယ်မှလဲသွားစရာမရှိတာနဲ့ စာကြည့်တိုက်
ရှိရာဘက်ကိုသာဦးတည်မိသည်။ ဒီအချိန်ဆို
စာကြည့်တိုက်ဘက်မှာဘယ်သူ့ မှမရှိဘူး
မဟုတ်ပေလား အရင်ကတည်းက
တစ်ယောက်တည်းနေတာကြိုက်နှစ်သက်ပြီး
တိတ်ဆိတ်တဲ့နေရာဆို သဘောကျနေကြ
ဆိုလေတော့ စာကြည့်တိုက်ရှိရာဘက်ကိုသာ
ဦးတည်မိသည်။"ကျွိ…"
စာကြည့်တိုက်ထဲဝင်လေတော့ ဘယ်သူ့ မှ
မရှိပဲရှင်းလင်းနေတာကြောင့် ခြေကို
ဖွဖွလေးနင်းကာဝင်လာလိုက်သည်။
စာကြည့်တိုက်မှူး နေရာကို
ကြည့်လိုက်လေတော့လည်းဘယ်သူ့ မှမရှိတာနဲ့
ခြေဖွထားသည်ကိုအနည်းငယ်ဖြေလျှော့
လိုက်ကာသက်သောင့်သက်သာပဲလျှောက်လာ
လိုက်သည်။ လက်ကလေးနှစ်ဖက်ကို
အနောက်ပစ်ပြီး ဟိုကြည့်ဒီကြည့်ဖြင့်ကြည့်နေ
လိုက်သည်။
YOU ARE READING
I want to be....[KookJin]✔️
Romanceကျွန်တော် ဘာဖြစ်ချင်လဲ ဘာလိုအပ်လဲ ဆိုတာ မသိခဲ့ဘူး ဒါပေမဲ့ သူနဲ့ တွေ့မှ ဘာဖြစ်ချင်လဲ ဆိုတာသိသွားခဲ့ပါပြီ...... ကျွန်တော် ဘာဖြစ်ချင်လဲ ဘာလိုအပ်လဲ ဆိုတာ မသိခဲ့ဘူး ဒါပေမဲ့ သူနဲ့ တွေ့မှ ဘာဖြစ်ချင်လဲ ဆိုတာသိသွားခဲ့ပါပြီ...... Start_ 29.3.2022 End_ 22.6.20...