~23~

2.7K 314 62
                                    

ZAWGYI
********

ဒီကိစ္စကို အမြန်ဆုံး မောင့်ကိုပြောချင်နေပြီ
ဖြစ်သည်။ မောင်ဆို ဘယ်လောက်တောင်
ပျော်နေလိုက် မလဲ။

"ဆေးပြန်ပြီး စစ်ရမဲ့နေ့ရယ် ultrasound
ရိုက်ရမဲ့နေ့ကို ဒီဆေးစာအုပ်မှာ တခါတည်း
ရေးထားပါတယ်နော်… အုပ်ထိန်းသူကော
ပါလာတယ် မလားရှင့်…"

"ဟုတ် …ဟုတ်ကဲ့ ကျေးဇူးပါ ဆရာမ"

"ဟုတ်ကဲ့ပါ ဂုဏ်ယူပါတယ်ရှင့်…"

ဆေးစာအုပ်လေးကို သေချာကိုင်ကာ
အခန်းထဲကထွက်လာလေတော့။

"babe…babe…ဘယ်လိုလဲ"

ချွေးစေးတွေပါပျံပြီး ဂနာမငြိမ် ဖြစ်နေတဲ့
ဂျောင်ကုကြောင့် စနောက် ချင်စိတ်က
ပေါ်လာသည်။

စိတ်ကိုအတက်နိုင်ဆုံး တည်ငြိမ်အောင်
ထိန်းလိုက်ကာ ဆေးစာအုပ်လေးကို
အနောက်မှာ ဖွက်လိုက်ပြီး။

"မနက်ဖြန်မှ အဖြေသိရမယ်တဲ့ မောင်…"

"ဟမ် အဲ့လို ရှိတာလား…"

"အွန်း…အိမ်ပြန်ရအောင်"

သူ့ ကိုကျော်ကာ အရှေ့ကနေ လျှောက်လာလိုက်သည်။ သို့ပေမဲ့ အနောက်ဘက်က ဂနာမငြိမ်တဲ့ ခြေလှမ်းလေးကို
ကြားမိလေတော့ မသိမသာ ပြုံးလိုက်မိသည်။

"တကယ်ကြီးလား မောင်တို့ စောင့်လို့
မရဘူးလား…"

"…………………"

"ဂျွန်ဆော့ဂျင်…ကျစ်!…မောင်အဲ့လောက်
စိတ်မရှည်ဘူးနော်…"

ထိုစကားကြောင့် မောင့်ဘက်ကို လှည့်ကာ
စိုက်ကြည့်လိုက်သည်။

"ဘယ်လိုဖြစ်နေတာလဲ မောင်…သိရမှာပေါ့"

"ကျစ်!…ဒါပေမဲ့"

"အဲ့လိုမျိုး ကျစ်ကနဲ ခနခနလုပ်မနေနဲ့
နောက်တခါ လုပ်ရင် စိတ်ဆိုးမိမှာ
အမှန်ပဲ…"

"ဂျွန်ဆော့ဂျင် ရာ…"

ဂျောင်ကုပြောသည်ကို လှည့်မကြည့်ပဲ
ကားရှိရာသို့သာ လျှောက်လှမ်း၍ လာလိုက်သည်။
အမှန်ဆို အမြန်ဆုံး ပြောလိုက်ချင်ပေမဲ့
ဂနာမငြိမ် ဖြစ်နေတဲ့ မောင်ကြောင့်
စချင်တဲ့ စိတ်က တဖွားဖွား ဖြစ်လာသည်။

I want to be....[KookJin]✔️Where stories live. Discover now