~27~

2.8K 343 25
                                    

ZAWGYI
********

မိုးရာသီကို မုန်းတယ် မင်းထွက်သွားခဲ့တဲ့
အချိန်ကစပြီးပေါ့။ မိုးတွေရွာတဲ့ အခါတိုင်း
အမှတ်တရတွေ အများကြီး ရှိခဲ့တာမို့
မိုးရွာတိုင်း သတိရမိတယ်။

သို့ပေမဲ့...အခုတော့ မမုန်းတော့ပါ။
မိုးတွေ သည်းကြီး မည်းကြီး ရွာနေခဲ့တဲ့ အချိန်မှာ
ကိုယ့်ဆီကို ပြေးလာတဲ့ မောင်ကြောင့်
ထိုမြင်ကွင်းလေးကို အဆုံးထိ ရင်ထဲမှာ
သိမ်းဆည်းထားမှာပါ။

"အဟင့်...အီးဟီး..."

ဂျောင်ကုရဲ့ ရင်ခွင်ထဲမှာပဲ တရှုံ့ရှုံ့နှင့်
ရှိုက်ကြီး တငင် ငိုနေမိခဲ့သည်။ လွမ်းခဲ့တယ်
သေလောက်အောင်ကို လွမ်းခဲ့တယ်။
ဒီကြားထဲ မောင်က မုန်းသွားပြီလားလို့တောင်
ထင်ခဲ့မိတယ်။ ရင်ခွင်ထဲကို ဆွဲသွင်းကာ
တင်းကြပ်စွာ ဖက်ထားပေး တဲ့ မောင့်ရဲ့
လက်တွေဟာ အနည်းငယ် တုန်ရီနေသည်ကို
ခံစားမိသည်။

ထို့နောက် ရင်ခွင်ထဲမှာ ခွာလိုက်ကာ ကိုယ့်ရဲ့
မျက်နှာကို ကြည့်နေခဲ့သောမောင်။
မောင့်ရဲ့ လက်ဖဝါးပြင် နွေးနွေးလေးက
ဒီနေ့မှပဲ ပိုပြီး နွေးထွေးနေသလိုခံစားရသည်။
ပါးပြင်ပေါ်မှ ကျဆင်းလာသော မျက်ရည်စက်
များကို ပြေပြေလေး ဖိကပ် သုတ်ပေးပြီး။

"ဂျွန်ဆော့ဂျင်~..."

ဒီ နာမည်လေး ခေါ်မည့်အသံကို လွမ်းနေခဲ့တာ
မောင်သိလေမလား။

"အဟင့်...မောင်အရမ်းကို ရက်စက်တယ်
မောင့်ကို မုန်းတယ်...အရမ်းမုန်းတာပဲ သိလား
လူကို တစ်ယောက်တည်း ထားခဲ့တယ်
ကလေးလေးတွေကို ပါ ထားထားခဲ့တယ်
တစ်ယောက်တည်း ဘယ်လိုနေခဲ့ရလဲ
မောင်သိလား...မောင့်ကိုအရမ်းမုန်းတာပဲ
အီးဟီး..."

"မောင်...တောင်းပန်ပါတယ်"

"အမြဲတမ်း တောင်းပန်နေတာပဲ အဲ့ဒါ
မောင့်ရဲ့ အကျင့်ဆိုးကြီး...ကိုယ်လည်း
မကျူးလွန်ထားတဲ့ ကိစ္စကို ဘာလို့ အမြဲတမ်း
တောင်းပန်တာလဲ..."

ကိုယ်ဝန်နဲ့ဆိုတော့ စိတ်ခံစားချက် အတက်အကျ
မြန်သည်ဆိုတာ ဂျောင်ကုသိပါသည်။
ဆော့ဂျင်နဲ့ ခွဲခွာနေရတဲ့ အတောအတွင်း
ဆော့ဂျင်ရဲ့ အကြောင်းတွေကို အမြဲတမ်း
နားစွင့်နေခဲ့ရတယ်ဆိုတာလည်း ကိုယ့်ကိုယ်တိုင်ပင် အသိဆုံးဖြစ်သည်။
ပြီးတော့...အမြဲတမ်း လိုချင်နေခဲ့သည့်
အမွှာလေးတွေကို ကိုယ်ဝန်ဆောင်ပေးထားခဲ့
တာလည်း သိခဲ့ပါသည်။ သို့ပေမဲ့...ဂျွန်ဆော့ဂျင်
ကို မျက်နှာမပြဝံ့ခဲ့သည်ကြောင့်။

I want to be....[KookJin]✔️Where stories live. Discover now