~16~

3K 377 55
                                    

ZawGyi

********

"ဖြောက်…ဖြောက်…ဖြောက်…ဖြောက်"

အပြင်ဘက်၌ ခွင့်ပြုချက် တောင်းခြင်းမရှိပဲ
ကျဆင်းလာသော မိုးရေစက်များကြောင့်
ကိုယ့်ရဲ့ ရင်ခုန်သံတွေ အခြားသူကြားရမှာ
စိုးမရိမ်တော့ချေ။

နှုတ်ခမ်းလွှာချင်း ထပ်တူကျနေသည့်မို့
ရုတ်တရက် ဆိုသလို မျက်လုံးကြီးပြူးကာ
အယောင်ယောင် ဖြင့် နေမိသည်။ သို့ပေမဲ့
မျက်လုံးမှိတ်ကာ ခေါင်းလေးစောင်းပြီး
ခံစားနေသော ဂျောင်ကု ပုံရိပ်ကြောင့်လည်း
ခုန်လှုပ်လာသောရင်ဘတ် အစုံကို မနည်း
ထိန်းချုပ်ထားရသည်။

နှုတ်ခမ်းလွှာချင်း ဖိကပ်ထားသည်ကို
ခွာဖယ်သောအခါမှ အသိစိတ် ပြန်ကပ်ရသည်။

ဂျောင်ကုလည်း ဆော့ဂျင်ရဲ့ နှုတ်ခမ်းသား အိအိလေးကို လက်ဖြင့် အသာအယာ ပွတ်လိုက်ပြီး။

"အယူရှိရင် အပေးရှိရတယ် ဂျွန်ဆော့ဂျင်…"

"…………………"

"ဂျွန်ဆော့ဂျင်…ကိုယ်…"

"တီ…တီ…တီ…"

အချိန်ကိုက် နှောင့်ယှက်လာသော ဖုန်းမြည်သံ
ကြောင့် နှစ်ယောက်လုံး ခန္ဓာကိုယ် တွန့်သွားကာ
ဂျောင်ကုလည်း ဆော့ဂျင်မျက်နှာကို အရိပ်အကဲ
တကြည့်ကြည့်ဖြင့်။

"ခနနော်…"

ဆော့ဂျင်လည်း ယောင်ကာ ခေါင်းကို
တဆက်ဆက်ဖြင့် ငြိမ့်မိသည်။

ဂျောင်ကုလည်း ကုတင်ပေါ်မှ ထကာ
ဆော့ဂျင်ကို နောက်ကျောပေးပြီး
ဖုန်းပြောနေသည်။ ခေါင်းလေး အနည်းငယ်
စောင်းကာ ဖုန်းပြောနေရင်း ရုတ်တရက်
ငြိမ်ကျသွားသော နောက်ကျောပြင်လေး။

"အခုလာခဲ့မယ်…"

ခုနကလို ချိုမနေတော့ပဲ ခက်ထန်သွားသော
ဂျောင်ကု လေသံကြောင့် ဆော့ဂျင် အသာလေး
မော့ကြည့်မိသည်။

"ဆော့ဂျင်…"

ဆော့ဂျင် နာမည်ကိုသာ ညင်ညင်သာသာလေး
ခေါ်လိုက်ပြီး အကြာကြီးစိုက်ကြည့်နေသည်။
တခုခုကို ထုတ်ပြောချင်နေသလို ဂျောင်ကုရဲ့
နှုတ်ခမ်းများကလည်း တဆက်ဆက်ဖြင့်။

I want to be....[KookJin]✔️Where stories live. Discover now