~21~

3K 354 68
                                    

ZawGyi
********

မင်္ဂလာသာဆောင်ရတယ် နေမကောင်းကလည်း
ဖြစ်ချင်နေတော့ ဘယ်လိုဖြစ်မှန်းတောင်
မသိလိုက်။ ဒီကြားထဲကြင်စ လင်လင်
နှစ်ယောက်က ခနခန တတိယကမ္ဘာစစ်
နေရာကွက်ကြား ဖြစ်ရသေး။

ဂျောင်ကုလာမှာကို စောင့်ရင်းနဲ့ပဲ
ခုံပေါ်မှာ ခေါင်းချပြီး မှေးနေမိသည်။
မနေ့ညက အရှိန်ကြောင့်လည်း ပါတော့
ပင်ပန်းတာကော ပေါင်းလိုက်တော့
နေမကောင်းဖြစ်ချင်နေသည်။

နားထဲ၌လည်း စကားသံတွေ ဝေဝေဝါးဝါး
ကြားနေရသည်။ ဒါ့အပြင် အသံတစ်သံကြောင့်
သွေးပါတက်ချင်သွားသည်။

"အိုပါး…"

နေမကောင်းကလည်း ဖြစ်ချင်နေတော့
ခေါင်းကလည်း မထူချင်တော့ပေ။ ဒါပေမဲ့
'အိုပါး' ဆိုတဲ့ ရင်နှီးကျွမ်းဝင်နေတဲ့ အသံကို
ကြားလိုက်ရတော့ ဆက်ကနဲ ခေါင်းထောင်
မိသည်။

အသံလားရာကို ကြည့်လိုက်လေတော့
ထုံးစံအတိုင်း အရင်တစ်ခါ တွေ့ ဖူးခဲ့တဲ့
ဆူဂျင်း ဆိုသော တစ်ယောက်ဖြစ်သည်။
မှတ်မိပါသေးတယ် စစချင်းတွေ့တုန်းက
ကိုယ့်ကို ရေတောင် ခပ်ခိုင်းလိုက်သေး။

"ဘယ်သူ့ ကိုလာရှာတာလဲ ခင်ဗျ"

တမင်သက်သက် မသိသလိုဖြင့် သူ(မ) ကို
ထေ့ငေါ့ပြီး မေးလိုက်လေတော့ ကိုယ့်ရဲ့
ခန္ဓာကိုယ် တစ်ခုလုံးကို မျက်လုံးဖြင့်
ဝေ့ကြည့်လိုက်ပြီး။

"အော်…ရှင်လား"

"ခဗျာ…"

"အိုပါးနဲ့ လက်ထပ်တယ်ဆိုတာ ရှင်လား…"

"ဆိုပါတော့…"

"ဘာ!!!…"

"ကြားတဲ့အတိုင်းပဲလေ မောင်နဲ့ ကျနော်က
လက်ထပ်ပြီးသွားပြီ…"

ကိုယ့်ရဲ့ စကားအဆုံးမှာ သူ(မ) ရဲ့မျက်နှာ
ကွက်ကနဲ ပျက်သွားသည်ကို သတိထားမိသည်။

"ဘာလို့လဲ…"

"လက်ထပ်တယ်ဆိုတာ အကြောင်းပြချက်
ရှိလို့လားခဗျ…နှစ်ဦးမေတ္တာမျှနေလို့
လက်ထပ်တာပဲကို…"

"မရဘူး ဂျောင်ကု အိုပါးနဲ့ …တွေ့မှ ရမယ်"

"ဂန်ဆူဂျင်း…"

I want to be....[KookJin]✔️Where stories live. Discover now