~25~

2.5K 337 79
                                    

ZawGyi
********

မျက်ဝန်းထဲ၌ ဝေဝေဝါးဝါး ဖြစ်နေပြီး
ဘာကိုမှ သဲသဲ ကွဲကွဲ မမြင်ရပေ။ မောင်?
မောင်လား။ အမြင်အာရုံရှေ့ မောင့်ရဲ့
အပြုံးလေး မြင်နေရသည်။ ကိုယ့်ရဲ့နဖူးပြင်ကို
ဖိကပ်နမ်းရှိုက်နေတဲ့ မောင်။

သို့ပေမဲ့ ထိုအချိန် ဗိုက်ထဲ စူးအောင့်နေတဲ့
နာကျင်မှု။ ကလေး ဘာဖြစ်တာလဲ။

"အာ့..."

"အကို...အကို နိုးပြီလား...ယွန်းဂီ လာပါအုံး!!"

မျက်လုံးထဲ ဘာကိုမှ သဲသဲကွဲကွဲ မမြင်တော့ပေ
ကိုယ်ခံစားမိသည်က ဗိုက်ထဲက စူးနစ်နေတဲ့
ခံစားချက်။

"လူနာ... စိတ်အေးအေးထားပါ
အသက်ကို ဝအောင်ရှူပါ..."

ကုတ်အဖြူရောင် အရှည်ကို ဝတ်ဆင်ထားသူ
ဟင်!!!!! ယွန်းဂီလား။

"စွခွက်ပြောင်မနေနဲ့ ယွန်းဂီ လုပ်စရာရှိတာ
အမြန်လုပ်..."

"မင်းကလည်း အကိုကလူနာလေ အဲ့ဒါကြောင့်
လူနာလို့ခေါ်တာ အပြစ်လား..."

အသက်ကို မနည်း ဝဝရှူလိုက်ပြီး စိတ်ကို
အေးအေး ထားလိုက်တော့ ဗိုက်ထဲက
အရမ်းကို မနာတော့ပေ။ နောက်တော့မှ
သတိထားမိတာက ဆေးရုံမှာပဲ။

"အကို အော် အဟမ်း...လူနာ့နာမည်
ဘယ်လိုခေါ်လဲ..."

"ဂျွန်...ဆော့...ဆော့ဂျင်"

ဆော့ဂျင်ရဲ့ ထင်မှတ်မထားတဲ့ ဖြေသံကြောင့်
ယွန်းဂီနဲ့ ဂျီမင်း နှစ်ယောက်လုံး တစ်ယောက်
မျက်နှာ တစ်ယောက် ကြည့်မိကြသည်။

"အော် ဟုတ်...ဟုတ်တယ်"

"ကလေး ကလေး ကလေးကိုကယ်ပါအုံး"

"စိတ်အေးအေးထား အကို အကို့ရဲ့ ကလေးလေး
ဘာမှမဖြစ်ဘူး"

ကလေး ဘာမှ မဖြစ်ဘူးဆိုတဲ့ စကားကို
ကြားလေမှ စိတ်ထဲ ဟင်းချလိုက်ရသည်။

"ကျနော့်ကိုကော မှတ်မိလား..."

သေချာကြည့်လိုက်လေတော့ ဂျူတီကုတ်
အဖြူလေးနဲ့ လွန်စွာ လိုက်ဖက်နေသော
ယွန်းဂီဖြစ်သည်။ ဒီပုံစံကို မြင်ဖူးသည်။
အခုမှစဉ်းစား ကြည့်လိုက်တာ အမေဆုံးတုန်းက
သတိလစ်ခဲ့သည်လေ။ အဲ့တုန်းက ဆေးရုံ
တစ်ခုကို ရောက်ခဲ့သေးသည်။ အဲ့တုန်းက
ဆရာဝန်လေးက မဟုတ်မှလွဲကော။

I want to be....[KookJin]✔️Where stories live. Discover now