~26~

2.6K 350 87
                                    

ZAWGYI
********

"ဖြောက်…ဖြောက်…ဖြောက်"

ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည့်
မိုးရေစက်များ။ ထိုမိုးရေစက်များကိုတောင်
မမှုပဲ ပြေးသွားလေသော
နောက်ကျောပြင်လေးကိုပဲ ငေးကြည့်နေမိသည်။

သေချာပါသည် ထိုအကြည့် ထိုမျက်ဝန်း
ထိုအထိအတွေ့။ နောက်ပြီး လက်ဖမိုးအထိပါ
ထိုးထားတဲ့ တက်တူးတွေကြောင့် ပို၍
သေချာပါသည်။

"အကို…အကို"

ကိုယ့်ကို ထီးလာမိုးပေးသော ဂျီမင်းခေါ်သံ
ကြားလေကာမှ အသိစိတ်ပြန်ကပ်မိသည်။

"အကို မိုးဖွှားလေးတွေ ကျနေလို့ …လာ
အထဲဝင်မယ်နော်"

အထဲကိုရောက်တော့ ultrasound ရိုက်ဖို့
အလှည့်ကျ လူစောင့်နေမိသည်။ သို့ပေမဲ့
စိတ်နဲ့လူနဲ့ က လည်း မကပ်ချင်တာကြောင့်
ဆေးရုံကို ဘာလုပ်ဖို့အတွက် လာမှန်းတောင်
သတိမရချင်တော့ပေ။

"ဂင်မ်ဆော့ဂျင် ရှီ…"

"အကို…အကို အကို့အလှည့်ပါ"

ထိုအခါမှသာ အူကြောင်ကြောင်နှင့် ထကာ
ဂျီမင်းနဲ့အတူ အထဲသို့ ဝင်သွားလိုက်သည်။
ultrasound ရိုက်ဖို့ စိတ်လှုပ်ရှားရမှာ
မှန်ပေမဲ့ ခံစားမှုမရှိတဲ့ သူတစ်ယောက်လို
ဖြစ်နေသည်။ မျက်ဝန်းထဲတွင်လည်း
အရည်များ ပြည့်လာပြီး လျှံသွန်းဖို့ အဆင်သင့်
ဖြစ်နေသယောင်။

"ဂင်မ် ဆော့ဂျင်က… အခုမှ ပထမဆုံး…"

"ဂျွန်ဆော့ဂျင်ပါ…"

"ရှင်…"

ငါဘာတွေ ပြောနေတာလည်း မှန်တယ်လေ
ငါ့နာမည်က ဂင်မ်ဆော့ဂျင်ပဲကို။

"အာ…ဟို ဂျွန်…ဂျွန်ဆော့ဂျင် လို့ ပြောင်းပြီး
ခေါ်လိုက်ပါ ဆရာမရယ်…"

ဆော့ဂျင်ကြောင့် ဂျီမင်းလည်း အသည်းအသန်
ဝင်ပြောရလေတော့သည်။ ဂျီမင်းလည်း
'အကိုရယ်' လို့သာ ပြောနိုင်တော့သည်။

"အာ…ဟုတ်ကဲ့ပါရှင့် ဂျွန်ဆော့ဂျင်က
ပထမဆုံး ultrasound လာရိုက်ဖူးတာနော်
ဒါဆို ကလေးလေးက ဘာလေးလဲ
မသိသေးဘူးပေါ့"

ဆော့ဂျင်ဘက်က တိတ်ဆိတ်နေတာကြောင့်
ဂျီမင်းကပဲ အလိုက်သတိ။

I want to be....[KookJin]✔️Where stories live. Discover now