~22~

2.9K 333 59
                                    

ZawGyi

********

"ဖြောက်…ဖြောက်…"

ပင်ပန်းနေသည့်စိတ်နှင့် အတွေးပေါင်း
များစွာကြောင့် မှေးကနဲ အိပ်ပျော်သွားခဲ့ပေမဲ့
မိုးရေစက်သံ များကြောင့် မျက်လုံးကို သာသာလေး ဖွင့်ကြည့်မိသည်။ အချိန်ကို
ကြည့်လိုက်လေတော့ 4 နာရီထိုးပြီး 15
ဖြစ်နေတာမို့ ပြန်မှေးရန် လုပ်လိုက်သည်။

သို့ပေမဲ့ နှခေါင်းအတွင်းသို့ ချဉ်တင်တင်
အနံ့လေး ဝင်လာတာကြောင့် မျက်လုံးကို
ပြန်ပြီး ဖွင့်ကြည့်မိလိုက်သည်။ ကုတင်ဘေးက
စားပွဲပေါ်မှာ သံပုရာပေါင်းလေးနဲ့ ရှောက်ပေါင်းလေး ကို တွေ့လိုက်တော့
မျက်လုံးက လက်ကနဲပင်။

ဒီလိုနေရာမှာ အချဉ်ပေါင်းတွေ သိပ်ပြီး
ရောင်းလေ့ရှိမှာ မဟုတ်ပေမဲ့ ရအောင်ကို
ဝယ်လာတဲ့ မောင်ကြောင့် အချစ်ပိုရပြန်သည်။
လှဲနေရင်း ဖြေးဖြေးလေး ထကာ ထိုင်လိုက်ရင်း
အချဉ်လည်း နည်းနည်း စားချင်နေတာနဲ့
မိုးအေးအေးလေး ဇိမ်ရှိရှိနှင့် အိပ်ယာပေါ်မှာ
နေရာယူလိုက်သည်။ အရင်ဆုံး ရှောက်ပေါင်း
လေးကို ပါးစပ်ထဲ ငုံကာ စားလိုက်လေတော့
ပါးစောင်ထိရောက်လာပြီး
ထုံကျဉ်လောက်တဲ့ထိ အချဉ်ကိုတောင်မှ
မမှုတော့ပေ။ ပို၍တောင် စားလို့ ကောင်းနေ
သယောင်။ အစားအစာထဲ နစ်မြောသွားရင်း
အခုမှ သတိရမိသည် မောင့်ကို မတွေ့ပါလား။

အိပ်ယာပေါ်မှ အားယူပြီးထလိုက်ကာ
အခန်းအပြင်ဘက်ကို တံခါးလေး အနည်းငယ်
ဟလိုက်လေတော့ ရရှိလာသည့် အနံ့က
ရေချိုးခန်းဆီသို့ ပြေးမိသည်။

"အဟွတ်…အဟွတ်…အာ့…"

အန်တော့ မအန်ပေမဲ့ အန်ခါနီး အနေအထားထိ
ရောက်ရှိနေတာမို့ ရင်ဘတ်ကို ဖိမိသည်။
အသက်ကို မနည်းဝအောင်ရှူကာ ငြိမ်ငြိမ်လေး
နေလိုက်တော့မှ သက်သာသည်။

ဘယ့်နှယ်…အိမ်ဆေးသုတ်တဲ့ အနံ့က
လူပါသတ်လို့ရလောက်သည်။ ဘယ်လို
စိတ်ကူးပေါက်လို့ အိမ်အတွင်းပိုင်းကို
မိုးရွာမှ ထသုတ်နေလဲမသိ။ တခါတလေ
ဂျောင်ကုရဲ့ စိတ်က လုံးဝကို ခန့်မှန်းမရ။

မျက်မှောင်ကို အဆုံးထိ တွန့်ချိုးလိုက်ကာ
အိပ်ယာပေါ်မှာ ခြေထောက်ကိုခြေဆင်းချထိုင်
ထားပြီး။

I want to be....[KookJin]✔️Where stories live. Discover now