~ Final ~

4.5K 370 73
                                    

ZAWGYI
********

လူနာကုတင် ဘေးနားမှာ သက်ပြင်းလေး
တချချ မျက်ရည်လေး တစမ်းစမ်းနဲ့ ရှိနေသူက
ဆော့ဂျင်ပင်။

မောင့်အမေကို လာကြည့်ဖို့ လုပ်ခဲ့တာကလည်း
ကိုယ်ကိုယ်တိုင် ဖြစ်သလို တကယ်တမ်း
လာရောက် ကြည့်ရှုမိတော့ စိတ်မကောင်း
ဖြစ်ရသည်။ ထိုသည်က မောင့်အမေ
တနည်းအားဖြင့် ကိုယ့်ရဲ့ ယောက္ခမကြီးက
ရောဂါအခြေအနေပိုဆိုးလာသည်။ အသက်ကလည်း ရလာပြီဆိုတော့ သူငယ်ပြန်
ရောဂါပါ ထပ်တိုးခံစားရတာမို့ အသိစိတ်တွေဟာ
ပုံမှန်မဟုတ်တော့ပေ။ ထိုအချင်းအရာကို မြင်သည့် ကိုယ်က စိတ်မကောင်းေ။ မောင်က
ဆေးရုံကို လိုက်ပို့နေတဲ့ လမ်းတစ်လျှောက်လုံး
ပြောတော့ ပြောရှာပါသည်။

မောင့်အမေက အခြေအနေ သိပ်မကောင်ဘူး
ဂျွန်ဆော့ဂျင် တဲ့။

အခုလည်း တကယ်လက်တွေ့မြင်လိုက်ရတော့
စိတ်မကောင်းပေ။ တခါတလေ တစ်ယောက်တည်း စကားတွေ ပြောတက်တယ်
တခါတလေလည်း အိပ်နေပြီး တခါတလေ
ပြန်မပြော နားမထောင် ဖြစ်နေတက်တယ်တဲ့။

"အမေ…ကျနော် လက်သည်း ညှပ်ပေးမယ်နော်"

ဆော့ဂျင်လည်း ဂျောင်ကုအမေအား လက်သည်းလေးတွေ ညှပ်ပေးဖို့ ခွင့်တောင်း
လိုက်သည်။ သို့်သော်လည်း ကုတင်ပေါ်က
လှဲလျောင်းနေသူဆီမှ ဘာစကားသံမှမလာပေ။
သို့ပေမဲ့လည်း လက်သည်းလေးတွေကို တတိတိနဲ့
ညှပ်ပေးနေလိုက်သည်။

"အမေက မောင်နဲ့တူတယ်…"

ကိုယ့်ရဲ့စကားကြောင့် ဘေးနားမှာ ရောက်ကတည်းက တိတ်ဆိတ်စွာ ထိုင်နေတဲ့
မောင့်ဆီမှ အကြည့်စူးစူးလေးက ကိုယ့်ဆီ
တိုက်ရိုက် ရောက်လာသည်။

"မောင်က ဂျွန်ဆော့ဂျင်နဲ့ ပိုတူတာပါ…"

"ဟင်…ဘာဆိုင်လို့"

"ဘာတဲ့ အသွင်တူရင် ဘာဆိုလား…"

"မောင်!…"

"ဟား…ဟား…"

အမေရှိနေတာကို အသွင်သူ ဘာညာဘာညာ
လုပ်နေသေးတယ် တကယ်ပါပဲ။ အမေက
နားမထောင်နေလို့ တော်သေးတယ်။

"ဟူး~…အစောကတည်းက လာတွေ့လိုက်ရမှာ
အမေ့ကို…"

"မင်းလာတွေ့လည်း စိတ်ဆင်းရဲရမှာပေါ့
ဂျွန်ဆော့ဂျင်ရဲ့…"

I want to be....[KookJin]✔️Where stories live. Discover now