~10~

3K 375 105
                                    

ZawGyi

********

"မောင့်ကိုခွင့်လွှတ်ပါ…"

ဂျောင်ကုဆီကနူးနူးညံ့ညံ့စကားလေးကြားရသည်မှာဒီတခါပထမဆုံးပင်ဖြစ်သည်။ အင်းပေါ့
မူးနေတာလည်းပါမှာပေါ့…မူးနေတဲ့အချိန်ခန
အတွင်း ငါရင်နည်းနည်းခုန်သွားတယ်
ကိုယ့်ကိုယ်ကိုယ်လိပ်ပြာမလုံတော့ပါဘူး
ဂျောင်ကုရာ။

"မငိုနဲ့တော့…မင်းမူးနေပြီ…ဘာလို့ငိုနေတာလဲ
မင်းနဲ့မလိုက်ဘူး…"

"ရွှတ်…ရွှတ်…"

ဆော့ဂျင်ပြောသော်လည်းခေါင်းကြီးငိုက်စိုက်
ချကာ တရွှတ်ရွှတ်နဲ့ငိုနေသောဂျောင်ကု။

အင်းပါကွာ…မင်းအမူးပြေသွားရင်ဒီကိစ္စ
ကိုသာ ပြန်စဉ်းစားမိသွားရင် အတော်ကို
ရှက်နေမယ်ထင်တယ်။

"လာ…ကားပေါ်အရင်သွားရအောင်…မင်း
အဆင်မပြေတော့ဘူး…"

ဆော့ဂျင်က ဂျောင်ကုရဲ့ကိုယ်လုံးကြီးကို
ဆွဲထူလိုက်လေတော့ ဂျောင်ကုရဲ့ရင်ခွင်ထဲ
တစ်ကိုယ်လုံးဝင်နေပြီဖြစ်သည်။ လက်ကိုဆွဲယူ
စေပြီးဖြေးဖြေးချင်းဖြင့် မ လေတော့ လေးလံ
နေတဲ့သူ့ ကိုယ်လုံးကြီးကိုမနည်းကြွပြီးထလာ
လေတော့သည်။

ခုနကအပြီးကဲနေတဲ့ဂျီမင်းနဲ့ယွန်းဂီတို့လည်း
ထိန်းမနိုင်သိမ်းမနိုင်တွေဖြစ်ကုန်ကြသည်။
ဂျီမင်းကတော့ဘာမှမဖြစ်ပေမဲ့ ယွန်းဂီကတော့
လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်
တော့ပေ။ ဂျီမင်းကယွန်းဂီကိုမနည်းထိန်း
နေရင်း ဂျောင်ကုနဲ့ ကျနော့်ကိုမြင်လေတော့။

"အကို…ကားမောင်းလို့အဆင်ပြေလား"

"ပြေပါတယ် ဂျီမင်း…ဘာဖြစ်လို့လဲယွန်းဂီက"

"အား…မြင်တဲ့အတိုင်းပဲအကိုရေ…ကျနော်
နောက်မှကားငှားပြီးလိုက်ခဲ့မယ်…အကိုတို့က
စောပြန်နှင့်လိုက်လေ…"

"အယ်…မဟုတ်တာအကိုမောင်းပေးပါမယ်"

"အာ…အကိုမသိလို့နော် အခုချိန်သာ ယွန်းဂီကို
အိမ်ပြန်ပို့ရင်သောင်းကျန်းနေမှာသူမှောက်သွားတဲ့
အထိကျနော်စောင့်နေလိုက်မယ်…စိတ်ချပါ
အကိုသာကားမောင်းလို့အဆင်ပြေရင်ပြီးကော
ဂျောင်ကုကိုအပ်ပါတယ်အကိုရေ…"

I want to be....[KookJin]✔️Where stories live. Discover now