ZawGyi
********မနက်က အသက်ရှူကြပ်သလိုဖြစ်တော့
ငြိမ်ငြိမ်အေးအေးလေးသာ ဧည့်ခန်း၌အဝတ်
ခေါက်နေမိသည်။ အလုပ်လုပ်နေရင်းတွေးမိ
သည်က အလုပ်ထွက်ရင်ကောင်းမလား
အလုပ်ဆက်လုပ်ရင်ကောင်းမလားဆိုတဲ့
အတွေးကြီးပေါ့။အမြဲတမ်းလိုလို ထိုစိတ်ကြီးကစိုးမိုးနေသည်
အထူးသဖြင့် ဂျောင်ကုနဲ့ဆုံလိုက်တိုင်းပေါ့။
အမေဆုံးပြီးကတည်းကဘဝကပိုလို့တောင်
ခက်ခဲလာတာလေ။ အမေဆုံးတာပဲ အသက်က
19 နှစ် ဘွဲ့တောင်မရသေးတဲ့အချိန်လေ။
အခုထိကို အချိန်ပိုင်းသမားအလုပ်နဲ့ပဲကျင်လည်
နေတာ ဒါပေမဲ့ ဒီမှာအလုပ်ရတော့
ကံကောင်းတယ်လို့ပဲဆိုရမလားကံဆိုးတယ်လို့ပဲ
ဆိုရမလား။အဝတ်ခေါက်နေရင်းအပေါ်ထပ်ကို တက်လို့
ရတဲ့လှေကားကိုတချက်လှမ်းမျှော်ကြည့်မိသည်။
အရာရာသူ့ စိတ်ကြီးပဲ သူ့ ရဲ့စိတ်တိုင်းကျကြီးပဲ
အခုလည်းကြည့်လေ မနက်တုန်းကကျတော့
လူကိုဆေးပေးလိုက်အနာပေးလိုက်နဲ့ အခုကျတော့
အခန်းထဲမှာအောင်းနေတာထွက်ကိုမလာတော့ဘူး"ချလောက်…"
အိမ်တံခါးဖွင့်သံကြားသဖြင့်လှည့်ကြည့်လိုက်
လေတော့ အပြုံးလေးဖြင့် ဂျီမင်း။"အကို…"
"အော်…ဂျီမင်းပြန်လာပြီလား…"
"အကိုဘာလုပ်နေတာလဲ…"
"အော်…ဟိုမှာလှမ်းထားတဲ့အဝတ်တွေကို
ခေါက်နေတာ မီးပူကတိုက်ပြီးပြီ…""အာ…အကိုရာ ရပါတယ် ကျနော်တို့ကလေ
သွားခါနီးမှ မီးပူကိုရွှတ်ကနဲ တချက်တည်းပဲ
တိုက်လိုက်တာဟီးဟီး…"ဂျီမင်းပြောစကားကြောင့် ဆော့ဂျင်လည်း
ပါးလေးတွေမို့နေအောင် အပြုံးချိုလေးဖြင့်
ပြုံးလိုက်ပြီး။"ဒါပေမဲ့အကိုတိုက်ပေးပါမယ်အားမနာပါနဲ့"
"အကိုက…လုပ်ပေးတော့လည်း…ဟဲဟဲ
အားကိုးလိုက်မယ်နော်…""ရပါတယ် ဂျီမင်းရယ်…"
"အော်ဒါနဲ့အကို…ယွန်းဂီကညနေပြန်လာမှာ
customer နဲ့အရမ်းအဆင်ပြေတယ်တဲ့
ဒီတစ်ခေါက် အလုပ်ကလုံးဝကိုအကြီးကြီး
ရမှာ…အဲ့ဒါညနေစာကို အကိုမချက်နဲ့တော့"
YOU ARE READING
I want to be....[KookJin]✔️
Romanceကျွန်တော် ဘာဖြစ်ချင်လဲ ဘာလိုအပ်လဲ ဆိုတာ မသိခဲ့ဘူး ဒါပေမဲ့ သူနဲ့ တွေ့မှ ဘာဖြစ်ချင်လဲ ဆိုတာသိသွားခဲ့ပါပြီ...... ကျွန်တော် ဘာဖြစ်ချင်လဲ ဘာလိုအပ်လဲ ဆိုတာ မသိခဲ့ဘူး ဒါပေမဲ့ သူနဲ့ တွေ့မှ ဘာဖြစ်ချင်လဲ ဆိုတာသိသွားခဲ့ပါပြီ...... Start_ 29.3.2022 End_ 22.6.20...