~24~

2.7K 339 109
                                    

ZAWGYI
********

"အရမ်းလှတယ် ဂျွန်ဆော့ဂျင်~…"

တဖြေးဖြေးနှင့် ကိုယ့်ရဲ့ အနားကို တိုးလာပြီး
နှုတ်ခမ်းကိုငုံထွေးလာသည်မို့ မျက်ဝန်းများကို
အလိုလို ပိတ်ချမိသည်။ ခါးသက်သက် အရသာ
အနည်းငယ် ပျော်ဝင်နေသည့် မောင့်ရဲ့
အနမ်းတွေက အယ်လ်ကိုဟောကြောင့်ထင်သည်။
သို့ပေမဲ့ ခါးသက်သက် အရသာ ခနတာရရှိပြီး
ချိုမြိန်ခြင်းအရသာကပါ တစ်ပါးတည်း
ခေါ်ဆောင်လာသည်မို့ ယစ်မူးမိသည်။

မောင်ကမူးယစ်ဆေးလို လူစားမျိုးဖြစ်သည်။
သုံးရင် ပိုပြီး စွဲသလို မသုံးမိရင် ရူးလောက်အောင်
ခံစားရမိသလိုမျိုး။ ထိုကဲ့သို့သော မောင်ကိုလည်း
ကြာကြာ စိတ်မဆိုးနိုင်ပါ။

အနမ်းများကို ခနတာ ရပ်တန့်လိုက်ပြီး
ရင်ခွင်ထဲသို့ ပိုပြီး တိုးခိုင်းစေတဲ့ မောင်ကြောင့်
မောင့်ရဲ့ ကိုယ်သင်းနံ့လေးတွေကို တဝကြီး
ရှူရှိုက်မိသည်။ ဘာလို့လည်းတော့မသိ
စတွေ့ချင်းတုန်းကလိုမျိုး ရင်ခုန်သံတွေ
ရပ်တန့်လို့ မရခဲ့သလိုမျိုး ထပ်မံခံစားနေရသည်။

"မောင်…"

"အင်း…"

"မောင်..…"

"ဗျာ~…"

ထူးစေချင်သလို မထူးသေးသ၍ အဆက်မပြတ်
ခေါ်နေမှာဖြစ်တဲ့ ဂျွန်ဆော့ဂျင်ကြောင့်
အိပ်ချင်နေသည့် အသံ တိုးဖျဖျဖြင့်
ဂျွန်ဆော့ဂျင် ထူးစေချင်သလို ထူးပေးရသေးသည်။

"မနက်ဖြန်လေ…အမေ 8 နှစ်ပြည့်…"

"…………………"

"မနက်ဖြန် အမေ့ကို သွားတွေ့မလို့…"

"မောင်လိုက်ပို့ပေးမယ်…"

"ကျေးဇူးပဲ မောင်…တကယ်တော့ အမေ့ရဲ့
အရိုးပြာအိုးထားတဲ့ နေရာကို မောင်နဲ့
အတူတစ်ခါလောက် သွားမယ် လုပ်ထားတာ
ပြီးတော့ အမေ့ကို ကြွားရအုံးမယ်လေ
မောင်နဲ့ ရ ထားတဲ့ ကလေးလေးအကြောင်း"

"အွန်း…မောင်လိုက်ပို့ပေးပါမယ် မောင့်ရဲ့
ယောက္ခမကြီးကိုလည်း နှုတ်ဆက်ရမှာပေါ့"

"ဒါနဲ့… မောင်က အမေဆုံးတုန်းက
အများကြီး အားပေးခဲ့တာ"

"………………"

I want to be....[KookJin]✔️Where stories live. Discover now